Friday, July 31, 2015

Google Maps တွင် သွားလာခဲ့သောနေရာများကို ကြည့်ရှုနိုင်တဲ့ Timeline ပါရှိလာ


Google က Maps တွင် သွားလာခဲ့သောနေရာများကိုခြေရာခံကြည့်ရှုနိုင်တဲ့ Timeline စွမ်းဆောင်ချက် အသစ်ကိုထည့်သွင်းပေးလိုက်ပါတယ်။ မိုဘိုင်းဖုန်းပိုင်ရှင်များအနေနဲ့ Google Photos , Google Now တို့လို Google ရဲ့ ၀န်ဆောင်မှုများမှာ Location Tracking ကိုဖွင့်ထားလျှင် Google Maps ရှိ Your Timeline တွင် ပိုင်ရှင် သွားလာခဲ့သောတည်နေရာများကို ပြန်လည် ကြည့်ရှုနိုင်ပါတယ်။ သွားလာခဲ့သောတည်နေရာများကိုအချိန်အပိုင်းအခြားဖြင့် ပြသပေးမည် ဖြစ်ပြီး နှစ်အနည်းငယ်အကြာကတည်နေရာများကိုပင် ပြသပေးနိုင်ပါတယ်။ Your Timeline မှ သွားလာခဲ့သောတည်နေရာများကို Private အနေဖြင့် သိမ်းဆည်းပေးထားခြင်း ဖြစ်တဲ့အတွက် အခြားလူများကတွေ့မြင်နိုင်မှာမဟုတ်ပါဘူး။ Timeline ရဲ့ ညာဘက်အောက်ခြေမှ Settings Icon ကို နှိပ်၍ “ Delete all location history “ ကိုရွေးချယ်လျှင် တည်နေရာအားလုံးကိုဖျက်ဆီးပေးမှာ ဖြစ်ပါတယ်။ သင် သွားလာတဲ့ နေရာများကိုခြေရာခံသိမ်းဆည်းခြင်းမပြုစေချင်လျှင် My Account ထဲရှိ Account History ထဲသွား၍ “ Places you go “ ဆိုတဲ့ Option ကိုပိတ်နိုင်ပါတယ်။


Sony က စီးပွားရေးလုပ်ငန်းများအတွက် Drone ၀န်ဆောင်မှုကို ပြုလုပ်မည်



Sony က အလိုအလျှောက်မောင်းနှင်တဲ့ Drone ယာဉ်ပျံငယ်လေးများကိုတီထွင်မှာ ဖြစ်ပါတယ်။ Sony က ဂျပန် ကုမ္ပဏီတစ်ခု ဖြစ်တဲ့ ZMP နဲ့ ပူးပေါင်းပြီး Sony တံဆိပ်တပ် မောင်းသူမဲ့ Drone ယာဉ်ပျံငယ်လေးများကိုဖန်တီးမှာ ဖြစ်ပါတယ်။ Sony ရဲ့ ရည်ရွယ်ချက်ကစီးပွားရေးလုပ်ငန်းများအတွက် ဝေဟင်နဲ့ မြေပြင်ရှိသတင်းအချက်အလက်များကို Drone များနဲ့ ကောက်ယူဖို့ ဖြစ်ပါတယ်။ Sony ရဲ့ စက်ရုပ်နည်းပညာ၊ ကင်မရာ၊ Sensor နည်းပညာတို့နဲ့ ZMP ရဲ့ အလိုအလျှောက်မောင်းနှင်တဲ့ နည်းပညာတို့ကိုပူးပေါင်းခြင်းဖြင့် တွင်ကျယ်လာတဲ့ Drone အခြေပြု ဒေတာကောက်ယူခြင်းနယ်ပယ်မှာ ၀င်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ Vine Rangers နဲ့ AeroHarvestတို့လိုကုမ္ပဏီတွေကလယ်သမားများအတွက် Drone များကိုအသုံးပြုပြီးကောက်ပဲသီးနှံများနဲ့ သီးနှံဖျက်ပိုးမွှားများရဲ့ အခြေအနေကိုစောင့်ကြည့် စစ်ဆေးပေးနေပါတယ်။ Sony က ရှယ်ယာ ၅၀ ရာခိုင်နှုန်းကျော် ပိုင်ဆိုင်ပြီး ZMP က ၄၉ ရာခိုင်နှုန်းကျော် ပိုင်ဆိုင်တယ်လို့ သိရပါတယ်။ ကုမ္ပဏီနှစ်ခုဟာ ၀န်ဆောင်မှုကို သြဂုတ်လမှာစတင်မှာ ဖြစ်ပြီး VTOL ( Vertical takeoff and landing ) Drones များကိုအသုံးပြုမှာ ဖြစ်ပါတယ်။ Drone များကိုအများပြည်သူသို့ ရောင်းချမှာမဟုတ်ပါဘူး။ 

ကမ္ဘာ့ စမတ်နာရီဈေးကွက်တွင် Apple Watch က ၇၅ ရာခိုင်နှုန်းအုပ်စိုးထား

Strategy Analytics ရဲ့ စစ်တမ်းအရ ပြီးခဲ့တဲ့ ကွာတားဖြစ်တဲ့ ဧပြီလမှ ဇွန်လအတွင်းတွင် Apple Watch အလုံးရေလေးသန်းရောင်းချနိုင်ခဲ့တယ်လို့ သိရပါတယ်။ Apple Watch ဟာကမ္ဘာ့စမတ်နာရီဈေးကွက်ရဲ့လေးပုံပုံသုံးပုံဖြစ်တဲ့ ၇၅ ရာခိုင်နှုန်း ဝေစု ရရှိထားတာ ဖြစ်ပါတယ်။ Apple က သူ့ရဲ့ စမတ်နာရီရောင်းချရမှုနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက် အသေးစိတ်ကိုထုတ်ပြန်ကြေညာခြင်းမရှိသေးပါဘူး။ Apple CEO Tim Cook က “ Apple Watch တွေကိုမျှော်လင့်ထားတာထက် ပိုမိုရောင်းချနိုင်ခဲ့ပါတယ်။ ဇွန်လမှာအများဆုံးစံချိန်တင်ရောင်းချနိုင်ခဲ့ပါတယ်။ “ လို့ ပြောကြားထားပါတယ်။ Apple က Apple TV, iPods, Beats Headphones and Accessories နဲ့ Apple Watch တို့ရဲ့ ရောင်းချရမှုနှုန်းကို Other Products ကဏ္ဍထဲမှာတစ်ပေါင်းတစ်စည်းထဲကြေညာခဲ့တာဖြစ်ပါတယ်။ Other Products မှ ၀င်ငွေဟာ ပြီးခဲ့တဲ့ကွာတားမှာဒေါ်လာ ၂.၆ ဘီလီယမ် ဖြစ်ပြီး Apple Watch မရောင်းချမီယခင်ကွာတားထက် ဒေါ်လာ ၉၅၂ သန်းတိုးတက်လာတာ ဖြစ်ပါတယ်။ Strategy Analytics ရဲ့ စစ်တမ်းအရ ပြီးခဲ့တဲ့ ကွာတားမှာ Apple Watch အလုံးရေလေးသန်းရောင်းချရပြီး Samsung ရဲ့ စမတ်နာရီများက ၄ သိန်းသာရောင်းချရပါတယ်။ Samsung က ဒုတိယနေရာကနေရပ်တည်နေပါတယ်။ အခြားစမတ်နာရီထုတ်လုပ်သူများက ၉ သိန်းရောင်းချနိုင်ခဲ့ပါတယ်။ ရာခိုင်နှုန်းအရဆိုရင် ကမ္ဘာ့စမတ်နာရီဈေးကွက်မှာ Apple က ၇၅.၅ ရာခိုင်နှုန်း၊ Samsung က ၇.၅ ရာခိုင်နှုန်းနဲ့ အခြားကုမ္ပဏီများက ၁၇ ရာခိုင်နှုန်းဖြင့် နေရာယူထားပါတယ်။ Apple Watch ကို နိုင်ငံပေါင်း ၁၆ နိုင်ငံမှာရောင်းချပေးနေတာ ဖြစ်ပါတယ်။ “ ကမ္ဘာတစ်ဝန်းမှာ ရောင်းချတဲ့ စမတ်နာရီဆယ်လုံးမှာရှစ်လုံးဟာ Apple နဲ့ Samsung တို့ရဲ့ နာရီများ ဖြစ်ကြပါတယ်။ Samsung ဟာ Apple ကိုအမီလိုက်နိုင်ဖို့ဆိုရင် နိုင်ငံအများအပြားမှာစမတ်နာရီမော်ဒယ်အသစ်များနဲ့ Apps များစွာကို ဖြန့်ချီဖို့လိုပါတယ်။ “ လို့ Strategy Analytics မှ Senior Analyst ဖြစ်သူ Rajeev Nair က ပြောပါတယ်။

Facebook က Video Uploaderတွင် စွမ်းဆောင်ချက်အသစ်များထည့်သွင်းပေး



Facebook က Page Admin များအတွက် Video Uploaderတွင် စွမ်းဆောင်ချက်အသစ်များထည့်သွင်းပေးလိုက်ပါတယ်။ Admin များအနေဖြင့် တိုက်ရိုက် URL မှနေ၍သာဗီဒီယိုကို ကြည့်ရှုနိုင်တဲ့ YouTube ရဲ့ Unlisted စွမ်းဆောင်ချက်နဲ့ ဆင်တူတဲ့ Secret Video များကိုပို့စ်တင်နိုင်ပါပြီ။ ထို့အတွက် ဗီဒီယိုများကို Private အနေနဲ့ မျှဝေနိုင်မှာ ဖြစ်ပါတယ်။ Admin များအနေနဲ့ Audience များကိုအသက်အရွယ်နဲ့ ကျား၊မတို့ဖြင့် ကန့်သတ်နိုင်ပါတယ်။ ကိုယ်ပိုင် Thumbnails  များကိုလည်းထည့်သွင်းနိုင်ပါတယ်။ Entertainment , News စသဖြင့် ကဏ္ဍများကိုထည့်သွင်းနိုင်ပါပြီ။ အခြားလူများကဗီဒီယိုများကို Embed လုပ်ခြင်းမှ ကာကွယ်နိုင်ပါတယ်။ Facebook က Page ပိုင်ရှင်များအတွက် Video Library ကိုမိတ်ဆက်လိုက်ပြီးဗီဒီယိုအားလုံးကိုတစ်နေရာတည်းကနေစီမံခန့်ခွဲနိုင်ပါတယ်။ ဗီဒီယိုများစွာကိုတစ်ပြိုင်နက် ရွေးချယ်ပြီး Modify လုပ်နိုင်ပါတယ်။ 

Microsoft က Send Email App ကို ဖြန့်ချီ

Microsoft က Messenger ကဲ့သို့ အလုပ်လုပ်တဲ့ Send လို့ အမည်ရတဲ့ Email App တစ်ခုကို ဖြန့်ချီလိုက်ပါတယ်။ Send မှာအခြား Email App များလို Subject များရေးသားစရာမလိုဘဲ Messenger များမှာလိုတိုတိုနဲ့ လိုရင်းရေးသားပြီးအီးမေးပေးပို့နိုင်အောင် ဒီဇိုင်းထုတ်ထားပါတယ်။ အခြား Email App များမှာလိုပဲအီးမေးလိပ်စာများကိုအသုံးပြုပြီးအီးမေးပေးပို့ရမှာ ဖြစ်ပါတယ်။ သင့်ရဲ့ အီးမေးကိုတုန့်ပြန်မှုများကိုလည်းသိနိုင်ပါတယ်။ Send ကိုအမေရိကန်နဲ့ ကနေဒါတို့ရှိ iPhone User များကအသုံးပြုနိုင်ပါပြီ။ Office 365 နဲ့ တွဲဖက်အလုပ်လုပ်နိုင်ပြီး Contacts များကို ပြသပေးနိုင်ပါတယ်။ မကြာမီမှာ Android နဲ့ Windows Phone တို့အတွက် Send ကို ဖြန့်ချီမှာ ဖြစ်ပါတယ်။ Send ကို Microsoft ရဲ့ Garage အဖွဲ့ကတီထွင်တာ ဖြစ်ပြီးမကြာမီမှာအခြားအီးမေး ၀န်ဆောင်မှုများကို ထောက်ပံ့ဖို့ ထည့်သွင်းပေးမှာ ဖြစ်ပါတယ်။

YouTube မှာ ၃၆၀ ဒီဂရီကြော်ညာဗီဒီယိုများကို ပြသ



Google က Chrome, Android, iOSတို့ရဲ့ YouTube မှာ ၃၆၀ ဒီဂရီကြော်ညာများကို ပြသခွင့်ပြုလိုက်ပါတယ်။ ဘီယာထုတ်လုပ်ရောင်းချတဲ့ Bud Light က Google TrueViewကြော်ညာပလက်ဖောင်းမှာ Run တဲ့  အဲဒီစွမ်းဆောင်ချက်ကိုပထမဆုံးအသုံးချခဲ့ပါတယ်။ PC မှာဆိုရင်တော့ ၃၆၀ ဒီဂရီမြင်ကွင်းတွေကိုပြောင်းလဲကြည့်ရှုဖို့ Mouse ကိုအသုံးပြုနိုင်ပြီးမိုဘိုင်းကိရိယာများမှာတော့ ဖုန်းကိုလှုပ်ခါရမှာ ဖြစ်ပါတယ်။ Google က မတ်လမှာ ၃၆၀ ဒီဂရီဗီဒီယိုတွေကိုစတင်ထောက်ပံ့ပေးခဲ့ပေမယ့် ကြော်ငြာဗီဒီယိုများအတွက် အကျုံးမ၀င်ခဲ့ပါဘူး။ ယခုမှသာ ၃၆၀ ဒီဂရီဗီဒီယိုများကိုကြော်ငြာဗီဒီယိုများအနေနဲ့ အသုံးပြုနိုင်တာ ဖြစ်ပါတယ်။ သာမာန် ဗီဒီယိုများထက် ၃၆၀ ဒီဂရီဗီဒီယိုများကိုလူကြည့်ရှုမှုနှုန်းဟာ ၃၆ ရာခိုင်နှုန်းပိုမိုများပြားတယ်လို့ Google က ပြောပါတယ်။ Virtual Reality နည်းပညာဖြစ်တဲ့ အတုအယောင်ပုံရိပ်များကိုအစစ်အမှန်ကဲ့သို့ တွေ့မြင်ခံစားရတဲ့ ဗီဒီယိုများဟာအနာဂတ်မှာပေါ်ထွန်းလာတော့မယ်လို့ ကျွမ်းကျင်သူများကသုံးသပ်ပါတယ်။ 

HTC One M9 (729,000/-)



          HTC One M9 မှာOcta-Core ပရိုဆက်ဆာကိုသုံးစွဲနိုင်မှာဖြစ်ပါတယ်။RAM ကတော့3GB DDR3 ထောက်ပံ့ပေးထားပါတယ်။Snapdragon 810 ရဲ့ပေါင်းစပ်မှုကတော့Quad-core 1.5GHz Cortex-A53 နဲ့Quad-Core 2GHz Cortex-A57 တို့ပူးတွဲအလုပ်လုပ်မှာဖြစ်ပါတယ်။အချက်အလက်တွေသိုလှောင်သိမ်းဆည်းထားနိုင်ဖို့အတွက်ကတော့လတ်တလောထွက်ရှိထားတဲ့စမတ်ဖုန်းတွေကိုယှဉ်ပြိုင်နိုင်စွမ်းရှိသော32GB ပဲဖြစ်ပြီးထပ်မံတိုးမြှင့်လိုတယ်ဆိုရင်တော့128GBအထိလက်ခံနိုင်စွမ်းရှိမှာပါ။Google Drive မှာလည်း 100GB အခမဲ့သိမ်းဆည်းနိုင်မှာပါ။2840mAh ဘက်ထရီစွမ်းအားကိုသုံးစွဲနိုင်မှာဖြစ်ပြီး၊ဆက်တိုက်ပြောဆိုနိုင်စွမ်းအတွက်တော့၂၅နာရီနီးပါးနဲ့အသင့်အနေအထားအတွက်ကတော့၃၉၁နာရီနီးပါးဖြစ်ပါတယ်။ကွန်ရက်ချိတ်ဆက်နိုင်စွမ်းကတော့ နောက်ဆုံးပေါ်ဖုန်းဖြစ်မှုနဲ့အတူ4G/LTEကွန်ရက်မှာသုံးစွဲနိုင်ပါလိမ့်မယ်။အချက်အလက်တွေဝေမျှသုံးစွဲနိုင်စေဖို့အတွက်တော့Bluetooth 4.1, NFC, wifiတို့ကိုသုံးစွဲနိုင်ပါလိမ့်မယ်။ဘက်ထရီသက်တမ်းကလည်းတာရှည်ခံနိုင်စွမ်းရှိမှာဖြစ်ပြီးအရေးပေါ်အခြေအနေတွေမှာသုံးနိုင်မယ့်power savingလုပ်ဆောင်ချက်တွေလည်းထည့်သွင်းပေးထားပါတယ်။ကင်မရာပိုင်းမှာတော့လုံးဝပြောင်းလဲသွားပြီ ဖြစ်ပါတယ်။M8 မှာသုံးခဲ့တဲ့Dual-Camera မျိုးမဟုတ်တော့ဘဲ20MP Sony ကင်မရာကိုနောက်ကျောဘက်မှာတပ်ဆင်ပေးထားပါတယ်။  နောက်ဆုံးပေါ်စမတ်ဖုန်းဖြစ်တာနဲ့အညီAndroid 5.0 (Lollipop)ကိုသုံးနိုင်မှာဖြစ်ပါတယ်။M9 ရဲ့ ဆောဖ့်ဝဲပိုင်းဆိုင်ရာလုပ်ဆောင်မှုတွေနဲ့အတူSense UI ကိုလည်းသုံးစွဲနိုင်ပါလိမ့်မယ်။Photo, theme တွေကိုလည်းထပ်မံထည့်သွင်းနိုင်ဦးမှာပါ။ထပ်မံထည့်သွင်းပေးထားတဲ့theme ဒီဇိုင်းလေးတွေကိုသူငယ်ချင်းတွေနဲ့ ဝေမျှသုံးနိုင်မှာပါ။ဒါ့အပြင် application  တွေကိုလွယ်လင့်တကူသုံးနိုင်စေဖို့အတွက်widget တွေလည်းပိုမိုထောက်ပံ့လာပါတယ်။

Showdown in HTC town

HTC စမတ်ဖုန်းလို့ဆိုလိုက်တာနဲ့ဒီဇိုင်းပိုင်းဆိုင်ရာနှင့်ပတ်သက်ရင်အကောင်းဆုံးသတ်မှတ်ခံထားရတဲ့ဖုန်းလို့အများသိကြပါလိမ့်မယ်။သူတို့ရဲ့One Series ဖုန်းတွေစတင်ထုတ်လုပ်စဉ်အချိန်တည်းကပုံစံပိုင်းဆိုင်ရာကိုပြောင်းလဲလာခဲ့လိုက်တာအခုဆိုရင်တတိယမျိုးဆက်လို့ဆိုနိုင်တဲ့One M9, E9+နဲ့ One M9+ လိုဖုန်းတွေမှာဆိုရင်ကိုယ်ထည်တည်ဆောက်မှုပုံစံကိုအတသအသညနဒီဇိုင်းတောင်ပြောင်းလဲလာခဲ့ပါပြီ။ပြီးတော့ပြည်တွင်းနဲ့ကိုက်ညီတဲ့မြန်မာဘာသာစကားကိုလည်းတရားဝင်မိတ်ဆက်ထည့်သွင်းပေးလာခဲ့တာ၃နှစ်တာကာလတောင်ရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။စမတ်ဖုန်းကုမ္ပဏီတစ်ခုအနေနဲ့ ဈေးကွက်အတွင်းကိုမျိုးဆက်သစ်စမတ်ဖုန်းတွေဖြန့်ချိတဲ့အချိန်မှာစဉ်းစားစရာအချက်တွေအများအပြားရှိနိုင်ပါတယ်။ဘာကြောင့်လဲဆိုရင်သုံးစွဲသူတွေဟာ ပေးအပ်လိုက်ရတဲ့တန်ဖိုးနဲ့ညီမျှတဲ့လုပ်ဆောင်ချက်ကိုရယူနိုင်ရုံသာမကဘဲ၊Software ပိုင်းမှာဆိုရင်လည်းနောက်ဆုံးပေါ်ကိုမှအသုံးပြုချင်တာပါ။ထိုင်ဝမ်အခြေစိုက်စမတ်ဖုန်းထုတ်လုပ်သူတွေထဲမှာထိပ်ဆုံးကရပ်တည်လျက်ရှိတဲ့HTC ဟာသူတို့ရဲ့မျိုးဆက်သစ်ဖုန်းတွေကိုလုပ်ဆောင်ချက်အများအပြားထပ်ဖြည့်ထားပြီးအသွင်အပြင်ပိုင်းဆိုင်ရာကလည်းအသစ်ဖြစ်နေတာကြောင့်HTC ကိုမှသုံးစွဲသူတွေကတော့လုံးဝနှစ်ခြိုက်နေဦးမှာပါ။HTCဖုန်းဆိုရင်ဈေးနှုန်းကြီးတယ်လို့ထင်နေကြတဲ့သူတွေအတွက်လည်း ဈေးကွက်ဆိုင်ရာနဲ့ပတ်သက်တဲ့စားသုံးသူဦးစားပေးဖုန်းတွေကိုထုတ်လုပ်ထားပေးပါတယ်။Desire Series ဖုန်းတွေဆိုရင် ဈေးနှုန်းအရလည်းအတော်လေးသက်သာပြီး၁သိန်းဝန်းကျင်လောက်ကနေစတင်ဝယ်ယူနိုင်ပါလိမ့်မယ်။ဒါကြောင့်သစ်လွင်တဲ့အပြင်အဆင်နဲ့ပြည်တွင်းဈေးကွက်မှာ နေရာရယူထားတဲ့HTC ရဲ့တန်ဖိုးမြင့်ဖုန်း၊ဈေးသက်သာတဲ့ဖုန်းတွေကိုသူတို့ရဲ့လုပ်ဆောင်ချက်တွေနဲ့အတူ ကောက်နှုတ်ဖော်ပြပေးလိုက်ပါတယ် . . .

HTC  Theme (M9/E9 Plus)
HTC ရဲ့အခုနောက်ဆုံးထုတ်ထားတဲ့စမတ်ဖုန်းနှစ်မျိုးဖြစ်တဲ့One M9 နဲ့E9 plus တို့မှာပါဝင်လာတဲ့လုပ်ဆောင်ချက်အသစ်တစ်ခုဖြစ်ပါတယ်။သူကတော့built-inထည့်သွင်းထားတဲ့theme တွေကိုစိတ်ကြိုက်ပြောင်းလဲသတ်မှတ်ထားနိုင်တာပဲဖြစ်ပါတယ်။သင့်အနေနဲ့အွန်လိုင်းမှာဖြစ်စေ၊ဖုန်းထဲမှာဖြစ်စေသိမ်းထားတဲ့လုံးဝနှစ်ခြိုက်စရာကောင်းတဲ့ပုံတွေကို ပြောင်းလဲနိုင်မှာပါ။HTC theme app ဟာTheme (သို့) photo တွေရဲ့အရောင်တွေကိုစိတ်ကြိုက်ဖန်တီးနိုင်စေမှာပါ။Theme appထဲကိုဝင်ရောက်လိုက်တာနဲ့ဒီဇိုင်နာပေါင်းများစွာဖန်တီးထားတဲ့theme အမြောက်အမြားကိုdownload ပြုလုပ်နိုင်မှာဖြစ်ပါတယ်။Theme တွေပြောင်းလဲလိုက်တာနဲ့ဖုန်းရဲ့အတွင်းပိုင်းအပြင်အဆင်တွေပါပြောင်းလဲသွားစေမှာဖြစ်ပါတယ်။ကိုယ်တိုင်ဖန်တီးထားတဲ့theme တွေကိုလည်းထည့်သွင်းနိုင်ဦးမှာ ဖြစ်ပါတယ်။ဒါပေမယ့်theme တွေသုံးစွဲနိုင်ဖို့အတွက်ကတော့အွန်လိုင်းချိတ်ဆက်မှုရှိနေမှရမှာပါ။

Keyboard design (M9/E9+/626g)
၂၀၁၅တွင်အသစ်ထွက်လာတဲ့HTC စမတ်ဖုန်းတွေမှာတော့သူတို့ရဲ့ကီးဘုတ်ပုံစံကိုပြောင်းလဲလာခဲ့ပါတယ်။ဒါကိုM9, E9+, Desire 626g တို့မှာတွေ့မြင်ရမှာဖြစ်ပါတယ်။အရင်ဖုန်းတွေမှာတုန်းကဆိုရင်ကီးဘုတ်ကိုစံမြန်မာအားသုံးစွဲထားတာတွေ့ရမှာ ဖြစ်ပါတယ်။အခုအသစ်ထွက်လာတဲ့ဖုန်းတွေမှာတော့Sangam Keyboard MY ကိုသုံးထားတာကြောင့်အရင်ကီးဘုတ်မှာအံဝင်နေတဲ့သူတွေအတွက်တော့အနည်းငယ်အခက်အခဲရှိနိုင်ပါတယ်။အခြားကီးဘုတ်တွေပုံစံလိုမျိုးဘာသာစကားပြောင်းလဲတဲ့အခါမှာလက်နဲ့ ဘေးတိုက်တွန်းရွှေ့လိုက်တာနဲ့ပြောင်းလဲသွားမှာမဟုတ်ဘဲrecentကီးရဲ့ဘေးနားမှာကီးဘုတ်ပုံစံလေးထည့်သွင်းပေးထားပါတယ်။လက်ရှိသုံးစွဲသူဟာ ဇော်ဂျီဖောင့်နဲ့ရိုက်နေတယ်ဆိုရင်ကီးဘုတ်ပုံစံလေးကိုနှိပ်လိုက်တာနဲ့ဘယ်လိုကီးဘုတ်ကိုရွေးချယ်မလဲဆိုတာကို မြင်ရမှာဖြစ်ပါတယ်။အရင်ဗားရှင်းအဟောင်းမှာတုန်းကပုံစံလိုမျိုးအရှေ့စာသားလေးကိုရိုက်လိုက်တာနဲ့ဘယ်လိုစာကြောင်းမျိုးဖြစ်နိုင်တယ်ဆိုတာကိုခန့်မှန်းဖော်ပြပေးမှုကိုလည်းသုံးစွဲနိုင်မှာဖြစ်ပါတယ်။

Language (M9/E9+)
လက်ရှိပြည်တွင်းမှာဖြစ်နေတဲ့Zawgyi/Unicode ပြဿနာအတွက်လည်းဘာသာစကားထောက်ပံ့မှုကိုအခြားဖုန်းတွေနဲ့မတူညီတဲ့ပုံစံတစ်မျိုးနဲ့ထည့်သွင်းပေးထားပါတယ်။Myanmar(Unicode), Myanmar(Zawgyi)နှစ်မျိုးလုံးကိုသုံးစွဲနိုင်မှာဖြစ်ပြီး၊Language ဆိုတဲ့နေရာမှာသွားရောက်ပြောင်းလဲပေးရမှာဖြစ်ပါတယ်။Font ပုံစံ လေးမျိုးကိုမြင်တွေ့နိုင်မှာဖြစ်ပြီးသူတို့ကတော့English(Myanmar-Unicode), English (Myanmar-Zawgyi), Myanmar(Unicode), Myanmar (Zawgyi)တို့ပဲဖြစ်ပါတယ်။သူ့မှာမိမိနှစ်သက်တဲ့Language ကိုသွားရောက်ပြောင်းလဲလိုက်တာနဲ့System တစ်ခုလုံးရဲ့Language ပြောင်းလဲပစ်လိုက်မှာဖြစ်ပါတယ်။ဒါကြောင့်သုံးစွဲသူအနေနဲ့မိမိဖတ်မှတ်လေ့လာလိုတဲ့ဝက်ဘ်စာမျက်နှာတွေကို ရောက်ရင်စာအမှန်ပေါ်စေဖို့အတွက်လိုက်လံပြောင်းလဲပေးရမှာပါ။M9 စတင်ထွက်လာချိန်တုန်းကGmail မှာမြန်မာစာအမှန်မဖော်ပြပေးနိုင်တဲ့ကိစ္စအတွက်လည်းSoftware update ပေးပြီးတော့ဖြေရှင်းပေးလိုက်နိုင်ပါပြီ။

Blinkfeed (All HTC)
ပြောင်းလဲလာတဲ့ခေတ်နဲ့အညီ HTC ဖုန်းတိုင်းမှာလုပ်ဆောင်ချက်တစ်ခုထည့်သွင်းပေးလာပါတယ်။အဲဒါကတော့ဒုတိယမျက်နှာပြင်လို့ခေါ်နိုင်တဲ့Blinkfeed ထည့်သွင်းလာတာပါပဲ။သင့်နိုင်ငံတွင်းမှာရှိနေတဲ့သတင်းဝက်ဘ်ဆိုက်တွေမှာ ဖော်ပြနေတဲ့နောက်ဆုံးသတင်းတွေကိုပါ ပြသပေးမှာဖြစ်ပါတယ်။အွန်လိုင်းချိတ်ဆက်မှုပြုလုပ်လိုက်တာနဲ့စက္ကန့်ပိုင်းအတွင်းသတင်းတွေကိုဖော်ပြပေးမှာဖြစ်ပါတယ်။Home Screen မှာလူမှုကွန်ရက်ဝက်ဘ်ဆိုက်နဲ့ပတ်သက်လို့Facebook new post, Twitter feed နဲ့အတူအားကစားသတင်း၊နိုင်ငံတကာသတင်းတွေကိုအချိန်နဲ့တစ်ပြေးညီချိတ်ဆက်ဖော်ပြပေးမှာဖြစ်ပါတယ်။Feed တွေဖတ်ရတာပိုမိုသွက်လက်မြန်ဆန်လာပြီးတော့ ပြည်တွင်းမှာရှိတဲ့သတင်းဝက်ဘ်ဆိုက်အချို့ကိုပါထပ်မံထည့်သွင်းလာပါတယ်။ နောက်မှပြန်လည်ဖတ်ချင်တဲ့သတင်းတွေကိုလည်းreading list ထဲကိုထည့်သွင်းထားနိုင်မှာဖြစ်ပါတယ်။Entertainment, Life-Style, Technology ကြိုက်နှစ်သက်ရာကိုထည့်သွင်းသတ်မှတ်ထားနိုင်မှာဖြစ်ပါတယ်။

Dolby Audio (High-end)
နောက်ပိုင်းထွက်လာတဲ့စမတ်ဖုန်းတွေမှာတော့HTC ဟာ music ပိုင်းဆိုင်ရာကိုပြောင်းလဲလာခဲ့ပါတယ်။ဒါကတော့ပုံမှန်တပ်ဆင်ပေးထားတဲ့dual-speaker လုပ်ဆောင်ချက်တစ်ခုတည်းအတွက်တင်မကတော့ဘဲနားကြပ်နဲ့နားဆင်တဲ့သူတွေအတွက်dolby audio ကိုထပ်မံပေါင်းထည့်ပေးလိုက်တာပါ။ရုပ်ရှင်ကားတွေကိုဒီတိုင်းကြည့်မယ်ဆိုရင်တောင်သူ့မှာပါဝင်တဲ့Theater mode ကိုဖွင့်ပေးလိုက်ရုံပါပဲ။နားကြပ်တပ်ပြီးနားထောင်မယ်ဆိုရင်တော့in-ear, pro studio, earbudsဆိုတဲ့လုပ်ဆောင်ချက်တွေကိုသုံးနိုင်မှာပါ။အသံပိုင်းဆိုင်ရာအတွက်Boomsound အသံထောက်ပံ့မှုကိုရရှိနိုင်မှာဖြစ်ပြီး၊Beat အသံတွေကိုနားကြပ်ကနေနားဆင်တဲ့အခါမှာ ပြင်းရှတဲ့အသံအရည်အသွေးကိုရရှိနိုင်မှာဖြစ်ပါတယ်။ဒါ့အပြင်Dolby Audio စနစ်ကိုပါ ထောက်ပံ့ပေးထားတာကြောင့်ဘယ်လိုအွန်လိုင်းအရင်းအမြစ်တွေကလာတဲ့အသံတွေကိုဖြစ်စေ၊ကြည်လင်ပြတ်သားစွာရရှိနိုင်မှာဖြစ်တယ်။

EYE &UltraPixels(High-end)
HTC အနေနဲ့ကင်မရာပိုင်းဆိုင်ရာ ထောက်ပံ့မှုမှာဆိုရင်လည်းထုတ်လုပ်ဖြန့်ချိရာဒေသကိုလိုက်ပြီးပုံစံတွေခွဲခြားထုတ်လုပ်ထားပါတယ်။ကင်မရာအရည်အသွေးကိုပိုကောင်းသွားစေဖို့အတွက်dual-LED(dual-tone)flash ထောက်ပံ့မှုလည်းတပ်ဆင်လာပါတယ်။အလင်းရောင်အားနည်းတဲ့အချိန်မှာရိုက်တဲ့ပုံတွေနဲ့ နေရောင်ခြည်တိုက်ရိုက်ကျတဲ့နေရာတွေမှာရိုက်ကူးတဲ့ပုံတွေအတွက်ရှင်းလင်း ပြတ်သားတဲ့ပုံရိပ်စွမ်းဆောင်မှုကိုပေးစွမ်းမှာပါ။EYE Experience ကြောင့်Selfie ပုံတွေရိုက်ကူးတဲ့အခါမှာပုံတွေကိုsplit capture ပြုလုပ်ရိုက်နိုင်မှာပါ။Voice Selfie လုပ်ဆောင်ချက်ကိုလည်းသုံးနိုင်မှာပါ။ဒါ့အပြင်ဓာတ်ပုံနဲ့ဗီဒီယိုတွေကိုဖိုင်တစ်ခုတည်းအဖြစ် ပြောင်းလဲဖန်တီးနိုင်တဲ့HTC Zoe ကလည်းစိတ်လှုပ်ရှားစရာလှုပ်ရှားမှုပုံရိပ်တွေကိုရရှိစေပါလိမ့်မယ်။အသစ်ထွက်ထားတဲ့ဖုန်းတွေဖြစ်တဲ့M9, E9+တို့မှာတော့Selfie ရိုက်တဲ့အခါနဂိုထက်ပိုမိုပြီးအလင်းတုံ့ပြန်နိုင်စွမ်း ကောင်းမွန်လာပါပြီ။

Samsung Galaxy Grand Prime



Network                  -         GSM/HSPA/LTE
Screen                    -         5 inches
Memory                  -         up to 64GB
Bluetooth                -         v4.0
CPU                       -         Quad Core 1.2GHz
OS                         -         Android OS, v4.4.4
Contact                   -         09-73171213
Price                       -         199,000Ks
                   ဈေးကွက်ထဲမှာထုတ်လုပ်ရောင်းချထားတာကြာမြင့်ပြီဖြစ်ပေမယ့်အခုအချိန်အထိ ဈေးကွက်ထဲမှာဝယ်ယူအသုံးပြုနိုင်နေသေးသောစမတ်ဖုန်းဖြစ်ပါတယ်။သုံးစွဲနိုင်တဲ့စွမ်းရည်များဟာလည်းလက်ရှိအချိန်အထိ ခေတ်မီဆဲဖြစ်ပါတယ်။Samsung ဖုန်းတို့ရဲ့ထုံးစံအတိုင်း မော်ဒယ်နံပါတ်မျိုးကွဲများတော့ရှိပါတယ်။၂၀၁၄ခုနှစ်၊ အောက်တိုဘာလကထုတ်လုပ်ပေးထားသောGrand Prime ဟာဆင်းကတ်နှစ်ခုထည့်သွင်းအသုံးပြုနိုင်မှာဖြစ်ပါတယ်။မည်သည့်2G, 3G networkတွင်မဆို ကောင်းစွာအသုံးပြုနိုင်သောအဆင့်မြင့်စမတ်ဖုန်းဖြစ်ပါတယ်။ဒီဖုန်းဟာSlimmer & Stylish Design ဖြစ်ကာ144.8x72.1x8.6 mm အရွယ်အစားရှိပါတယ်။အလေးချိန်ကတော့156g ဖြစ်ပါတယ်။TFT capacitive touchscreen ဟာ၅လက်မမျက်နှာပြင်အကျယ်ပမာဏရှိပြီး၊pixels ပမာဏထောက်ပံ့ပေးထားမှုကတော့540x960 ဖြစ်ပါတယ်။တစ်လက်မမှာရှိမယ့်pixel ပမာဏသိပ်သည်းဆကတော့220ppi ပါ။အဓိကကင်မရာရဲ့စွမ်းရည်ကတော့8MP ရှိပါတယ်။ဗီဒီယိုရိုက်ကူးနိုင်မယ့်စွမ်းရည်က1080p ဖြစ်ကာ၊နှုန်းကတော့တစ်စက္ကန့်ကို30frames ပါ။အသုံးပြုပေးထားတဲ့chipsetအမျိုးအစားကတော့Qualcomm Snapdragon ပါ။Quadcore 1.2GHz processor စွမ်းရည်ကိုခံစားရရှိနိုင်မှာဖြစ်ပြီး၊GPU ကတော့Adreno 306 အမျိုးအစားဖြစ်ပါတယ်။မှတ်ဥာဏ်ပမာဏအပိုင်းတွင်RAM ကို1GB ထည့်သွင်းပေးထားပြီး၊Internal Storage အနေဖြင့်8GBပါရှိပါတယ်။အချက်အလက်အများအပြားသိမ်းဆည်းချင်သူများအတွက်လည်းSD ကတ်စိုက်ပြီး၊မှတ်ဥာဏ်ပမာဏကိုတိုးချဲ့အသုံးပြုနိုင်ပါတယ်။အားသွင်းရမယ့်ဘက်ထရီအမျိုးအစားကတော့Li-Ion 2600mAh ဖြစ်ပါတယ်။3G network တွင်စကားပြောဆိုဖို့၁၇နာရီနီးပါးခံနိုင်စွမ်းရှိမှာဖြစ်ပြီး၊သီချင်းနားထောင်ဖို့အတွက်ကတော့၇၅နာရီနီးပါးခံနိုင်ရည်ရှိပါမယ်။Sensor စနစ်များစွာလည်းအသုံးပြုလို့ရပါမယ်။

Thursday, July 30, 2015

Korea Expo 2015 ပြပွဲကျင်းပမည်


Korea Expo 2015 ပြပွဲနှင့်ပတ်သက်၍သတင်းစာရှင်းလင်းပွဲကိုဇူလိုင်လ၁၈ရက်နေ့ကMy Garden Restaurantတွင်ပြုလုပ်ခဲ့ကြောင်းသိရသည်။အဆိုပါပြပွဲကိုဇူလိုင်လ၃၀ရက်နေ့မှသြဂုတ်လ၂ရက်နေ့အထိတပ်မတော်ခန်းမတွင်ကျင်းပသွားမည်ဖြစ်ကာSamsung, Hanwha, The Power of Surprise တို့မှMain Sponsor အဖြစ်ပံ့ပိုးကူညီပေးသွားမှာဖြစ်သည်။၎င်းပြပွဲ၌Samsung ၏၂၀၁၅ထုတ်Product များကိုဈေးနှုန်းချိုသာစွာဖြင့်ဝယ်ယူရရှိနိုင်ကြောင်းသိရသည်။ထို့အပြင်ကိုရီးယားနိုင်ငံထုတ်အလှကုန်ပစ္စည်းများ၊အချိုရည်များ၊မော်တော်ကားများ၊၎င်းနှင့်ဆက်စပ်ပစ္စည်းများကိုစုံလင်စွာခင်းကျင်းပြသသွားမှာဖြစ်ကာထူးခြားမှုအစီအစဉ်တစ်ရပ်အနေဖြင့်ကိုရီးယားစားသောက်ဖွယ်ရာများကိုစကားပြန်ဖြင့်တင်ဆက်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။

--------
ရဲလင်းစိုး

Huawei ကုမ္ပဏီ၏ ၂၀၁၅ ပထမနှစ်ဝက်ဝင်ငွေသည် ယခင်နှစ်ကထက် ၃၀% တိုးတက်လာ

Huawei ကုမ္ပဏီသည် ၂၀၁၅ခုနှစ်ပထမနှစ်ဝက်အတွက် စုစုပေါင်းဝင်ငွေ ယွမ် ၁၇၅.၉ ဘီလီယံရရှိခဲ့ပြီးယမန်နှစ်ထက် ၃၀ရာခိုင်နှုန်းတိုးမြင့်လာခဲ့ကြောင်းသိရသည်။
Huawei ၏ Chief Financial Officer ဖြစ်သူMs. MengWanzhou က “၂၀၁၅ခုနှစ် ရဲ့ ပထမနှစ်ဝက်မှာ Huawei ကုမ္ပဏီကမိမိကုမ္ပဏီရဲ့ စီးပွားရေးနယ်ပယ် သုံးခုစလုံးမှာအောင်မြင်မှုများစဉ်ဆက်မပြတ်ရရှိခဲ့ပါတယ်။ EnterpriseBusinessလုပ်ငန်းကြီးမှာကျွန်မတို့ကုမ္ပဏီမှ ဆန်းသစ်စွာတီထွင်ထားတဲ့ ထုတ်ကုန်တွေနဲ့ ဖြေရှင်းမှုနည်းလမ်းတွေကဈေးကွက်မှာပိုမိုယှဉ်ပြိုင်နိုင်စွမ်းရှိလာအောင် အုတ်မြစ်ချနိုင်ခဲ့ပြီးသုံးစွဲသူများရဲ့ အသိအမှတ်ပြုမှုကိုလဲများစွာရရှိခဲ့တဲ့အတွက် လုပ်ငန်းကြီးတစ်ခုလုံး လျှင်မြန်စွာဖွံဖြိုးတိုးတက်လာခဲ့တယ်။ ကျွန်မတို့ရဲ့ cloud computing၊ storage၊ agile networkစတဲ့အရေးကြီးတဲ့ ထုတ်ကုန်နဲ့ဖြေရှင်းမှုနည်းလမ်းများကိုတရုတ်နိုင်ငံအတွင်းနဲ့ နိုင်ငံခြားတိုင်းပြည်မှာရှိတဲ့ finance၊ ပညာရေးနဲ့ISPတို့ နဲ့ပတ်သက်တဲ့ကဏ္ဍမှာကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာတဲ့အတွက် ဖွံ့ဖြိုးတိုးတက်မှု များစွာရရှိခဲ့ပါတယ်။” ဟုပြောသည်။
ConsumerBusinessလုပ်ငန်းကြီးတွင် Huawei ကုမ္ပဏီ၏ အရည်အသွေးမြင့် ထုတ်ကုန်များကိုသုံးစွဲသူများက ကြိုက်နှစ်သက်ကြသည့်အပြင် Huawei အမှတ်တံဆိပ်သည်လည်းအဆင့်မြင့်နှင့် အလယ်အလတ်ဈေးကွက်တွင် ခိုင်မြဲစွာရပ်တည်နိုင်ခဲ့သည်။
CarrierBusinessလုပ်ငန်းကြီးတွင်မူMs.Meng ၏ အဆိုအရ Huawei ကုမ္ပဏီသည် မိမိကုမ္ပဏီ၏ အနာဂတ်ရင်းနှီးမြှပ်နှံမှုကိုပိုမိုတိုးမြှင့်ပြီးဈေးကွက်ဦးဆောင်သူအဖြစ် ဆက်လက်ရပ်တည်သွားမည်ဖြစ်သည်။ Huawei ကုမ္ပဏီသည် software-defined နည်းပညာအပေါ်အဓိကထားပြီးရေးဆွဲသော “SoftCOM” မဟာဗျုဟာကိုထိရောက်စွာအသုံးပြု၍ ကွန်ယက်တည်ဆောက်မှုပုံစံအသွင်ကူးပြောင်းခြင်း၊ လုပ်ငန်းဆောင်ရွက်မှုဆိုင်ရာပုံစံများကို ပြုပြင်ပြောင်းလဲလုပ်ဆောင်ခြင်းနှင့် software-defined နှင့် cloud computing တို့ကဲ့သို့သောမျိုးဆက်သစ်ကွန်ယက်နည်းပညာများ၏ ဖွံ့ဖြိုးတိုးတက်မှုကိုအောင်မြင်စွာလုပ်ဆောင်နိုင်ခဲ့ကြောင်းတွေ့ရသည်။
"တရုတ်နိုင်ငံမှာ 4G ကွန်ယက်တည်ဆောက်မှုကဏ္ဍမှာရင်းနှီးမြှုပ်နှံမှုပိုမိုများပြားလာခဲ့တယ်။ ဒါ့အပြင်၊ နိုင်ငံတကာမှာလည်းနည်းပညာဆိုင်ရာအချက်အလက်စီးဆင်းမှုတွေ ခက်ခဲနှေးကွေးမှု ပိုမိုများပြားလာတာကြောင့် ကွန်ယက်အရည်အသွေးချဲ့ထွင်တဲ့နေရာမှာလဲရင်းနှီးမြှုပ်နှံမှု ပိုမိုများပြားလာခဲ့တယ်။ ဒါကြောင့်၊ ကျွန်မတို့ကုမ္ပဏီကCarrierBusinessလုပ်ငန်းကြီးမှာတည်းတံ့ခိုင်မြဲတဲ့ အောင်မြင်မှုများကိုဆက်လက်ရရှိသွားပါမယ်လို့ ယုံကြည်ထားတယ်" ဟုလည်းMs.Meng က ဆိုပါသည်။
                           ဟွာဝေးကုမ္ပဏီမှ တယ်လီကွန်းကွန်ယက်တည်ဆောက်မှု၊ စက်ပစ္စည်းများတီထွင်ဖန်တီးမှုနှင့် ခေတ်မီနည်းပညာများတီထွင်ဖြန့်ဖြူးမှုများကိုဦးဆောင်လုပ်ကိုင်လျှက်ရှိပြီးကမ္ဘာအနှံ့ရှိ Huawei ကုမ္ပဏီ၏ ဝန်ထမ်း ၁၇၀,၀၀၀ ကျော်တို့ကဆက်သွယ်ရေးအော်ပရေတာများ၊ စီးပွားရေးလုပ်ငန်းများနှင့် ကျွန်ုပ်တို့၏ကုန်ပစ္စည်းကိုအသုံးပြုနေသူများအတွက် လိုအပ်သည့် ၀န်ဆောင်မှုများကို ပေးလျှက်ရှိသည်။ ၁၉၈၇ခုနှစ်တွင် တည်ထောင်ခဲ့သော Huawei ကုမ္ပဏီသည်  ပုဂ္ပလိကလုပ်ငန်းကြီးတစ်ခုဖြစ်ပြီး ဟွာဝေးထုတ်ကုန်များကို နိုင်ငံပေါင်း ၁၇၀ ကျော်ရှိကမ္ဘာ့လူဦးရေသုံးပုံတစ်ပုံကအသုံးပြုနေပါသည်။

----------------
ရဲလင်းလင်းသန်း


Sony မှ Headphone Series များ၏Brand Ambassadors အဖြစ်အဆိုတော်ဘန်နီဖြိုးနှင့်မိစန္ဒီတို့အားခန့်အပ်

Sony မှHigh Resolution Audio Headphone Series အသစ်ကိုဇူလိုင်လ၁၈ရက်နေ့ကJunction Square ၌မိတ်ဆက်ခဲ့ပြီးနာမည်ကျော်အဆိုတော်ဘန်နီဖြိုးနှင့်မိစန္ဒီတို့အားHeadphone Series များ၏Brand Ambassadors အဖြစ်တရားဝင်ခန့်အပ်လိုက်ကြောင်းသိရသည်။၎င်းတို့သည်Sony MDR Headphone နဲ့ပတ်သက်သောလှုပ်ရှားမှုပွဲတိုင်းတွင်ပါဝင်သွားမှာဖြစ်ပြီးထူးခြားတဲ့အစီအစဉ်များကိုလည်းဆက်လက်လုပ်ဆောင်သွားမှာဖြစ်သည်။
ယခုထွက်ရှိလာသောHigh Resolution Audio Headphone Series သည်အရည်အသွေးမြင့်CD များတွင်အသုံးပြုသည့်ဂီတသံဖလှယ်မှုနှုန်းတွေကိုအသုံးပြုပေးထားသောကြောင့်ကြည်လင် ပြတ်သားသောအသံများကိုစွမ်းဆောင်ပေးနိုင်မှာဖြစ်သည်။100KHz ရှိတဲ့frequency အသံစနစ်နှင့်40mm HD (High Defination) စနစ်တို့လည်းပါဝင်ကာထွက်ရှိလာသောဂီတအသံများပိုမိုကြည်လင်စေရန်အတွက်Liquid Crystal Polymer ကလုပ်ဆောင်ပေးမှာဖြစ်သည်။ထို့အပြင်ရောင်းအားအကောင်းဆုံးbass-line တွေနဲ့ထုတ်လုပ်ပေးထားပြီးSony ရဲ့Beat Response Control (အသံစနစ်ထိန်းချုပ်မှု) စနစ်ကိုပါထည့်သွင်းထားသောကြောင့်အသံလှိုင်းတွေကိုလွတ်လပ်စွာခံစားနိုင်ကြောင်းသိရသည်။

---------
ရဲလင်းစိုး

Android & iOS Games, Deathwatch : Tyranid Invasion

By Rodeo Games
iOS, Size : 833MB


          Deathwatch: Tyranid Invasion ဟာUnreal Engine 4 ကိုသုံးထားတဲ့ပထမဆုံးမိုဘိုင်းဖုန်းမှာကစားလို့ရတဲ့iOSဂိမ်းအမျိုးအစားဖြစ်ပါတယ်။Deathwatch ဟာiOS War Gamer တွေအတွက်ရင်းနှီးဖူးပြီးသားဖြစ်တဲ့Warhamer Questရဲ့နောက်ဆက်တွဲဂိမ်းပုံစံလည်းဖြစ်ပါတယ်။Turned-based နည်းဗျူဟာဂိမ်းအမျိုးအစားထဲမှာလည်းပါဝင်တယ်လို့ပြောလို့ရပြီးနယ်မြေသစ်ချဲ့ထွင်နိုင်ဖို့တပ်သားတွေနဲ့ပူးပေါင်းတိုက်ခိုက်နိုင်ရပါမယ်။ဒီဂိမ်းမှာဆိုရင်ကစားကွက်တွေကိုတစ်သမတ်တည်းသတ်မှတ်ထားတာမျိုးမရှိဘဲလိုအပ်သလို ရွှေ့ပြောင်းကစားရမှာဖြစ်သလိုနည်းလမ်းတွေလည်းစနစ်တကျရှိရပါတယ်။War game တွေအတွက်လူသိများထင်ရှားတဲ့Space Marine လို့ခေါ်တဲ့အင်အားပြည့်ဝတဲ့စစ်သားအမြောက်အမြားနဲ့ဂိမ်းကိုစတင်ရမှာဖြစ်ပြီးMarine တိုင်းမှာစိန်ခေါ်မှုအတွက်လိုအပ်တဲ့အရည်အချင်းနဲ့Wargear တွေကိုပိုင်ဆိုင်ထားပါတယ်။Old-School ပုံစံဖြစ်တာမို့ရှုပ်ထွေးမှုတွေနဲ့စဉ်းစားချင့်ချိန်ပြီးယှဉ်ပြိုင်ရမှာပါ။ကြိုက်နှစ်သက်တဲ့စစ်သားတွေကို ရွေးချယ်ပြီးပြီဆိုတာနဲ့Semi-3D မြေပုံပေါ်မှာရန်သူကိုရင်ဆိုင်ဖြေရှင်းနိုင်ရမှာဖြစ်ပြီးအဓိကကျတဲ့ပန်းတိုင်ရောက်နိုင်ဖို့လှုပ်ရှားမှုတွေကိုသွက်သွက်လက်လက်ဆောင်ရွက်နိုင်ဖို့ကလည်းmission တစ်ခုအတွက်အရေးကြီးပါတယ်။Tyranid တွေဟာကိုယ့်ရဲ့သတ်မှတ်ထားတဲ့ပြိုင်ဘက်တွေဖြစ်ပြီးmission ပေါင်း၄၀ကိုဖြတ်ကျော်ပြီးရန်သူကိုတိုက်ခိုက်ဖျက်ဆီးရပါတယ်။Missionတစ်ခုစီတိုင်းမှာပါဝါတွေပြန်လည်ဖြည့်ဆည်းပေးနိုင်တဲ့စွမ်းဆောင်ရည်တွေအပြင်ဇာတ်ကောင်အသစ်နဲ့Warger တွေကိုလဲလှယ်ပေးနိုင်တဲ့ကတ်ပြားတွေကိုလိုက်လံစုဆောင်းရပါတယ်။Level တက်နိုင်ဖို့unlock တွေလုပ်ရာမှာကိုယ်ပိုင်အရည်အချင်းနဲ့ရှာဖွေစုဆောင်းထားတဲ့လက်နက်တွေအတူတကွပေါင်းစပ်ပြီးရန်သူတွေကိုပစ်ခတ်ချေမှုန်းရမှာဖြစ်ပါတယ်။တိုက်ပွဲတစ်ခုမှာMarine 5 ယောက်နဲ့ဖွဲ့စည်းပြီး နောက်မှစိတ်ကြိုက်ဇာတ်ကောင်၃ ယောက်နဲ့လဲလှယ်ရွေးချယ်နိုင်ပါတယ်။Deathwatch ရဲ့ဇာတ်အိမ်တည်ဆောက်မှုကWarhammer Quest ထက်ပိုမိုရသမြောက်ပါတယ်။3D မြင်ကွင်းကြောင့်Graphic တွေလည်းပိုမိုပေါ်လွင်နေပြီးအသံပိုင်းစနစ်လည်း ကောင်းမွန်ပါတယ်။

ဂိမ်းအဟောင်းများ ကစားနိုင်မှုကြောင့် Xbox One ရောင်းအားပိုကောင်းဟုဆို

Xbox One ရောင်းအားသည်၂၀၁၅ဇွန်လတွင်၂၀၁၄ဇွန်လနှင့်နှိုင်းယှဉ်ပါက၅၁ရာခိုင်နှုန်းတိုးတက်ခဲ့ကြောင်းတွေ့ရသည်။ထိုကဲ့သို့ရောင်းအားတိုးတက်မှုသည်တစ်စိတ်တစ်ပိုင်းအားဖြင့်ဂိမ်းအဟောင်းများအားXbox Oneတွင်ကစားနိုင်တော့မည်ဟူသောMicrosoft ၏ကြော်ငြာချက်ကြောင့်လည်းသက်ဆိုင်ခဲ့သည်။Xbox One အားဦးဆောင်သူPhilSpencerကမူထိုကဲ့သို့သက်ရောက်မှုရှိကြောင်းဆိုသွားခဲ့သည်။၎င်းကXbox 360 ပိုင်ရှင်များကထိုအချက်ကြောင့်Xbox One အားပို၍အဆင့်မြှင့်တင်လာကြမည်ဟုယူဆထားသည်။CFO ဖြစ်သူAmy Hood မှလည်းXbox Platform သည်ထိုကဲ့သို့Backwards Compatibility ရရှိမှုကြောင့်ပို၍အရှိန်ရလာကြောင်းဆိုခဲ့ပြီးMicrosoft ကုမ္ပဏီတစ်ခုထဲမှထိုကိစ္စအားစိတ်ဝင်စားခဲ့ခြင်းမဟုတ်ချေ။အဓိကဂိမ်းထုတ်လုပ်သောGamestopနှင့်Ubisoftတို့မှလည်းMicrosoft ၏ဆုံးဖြတ်ချက်အားထောက်ခံခဲ့ကြသည်။Backwards Compatibility ကြောင့်သီအိုရီအရXbox 360 မှXbox One သို့အဆင့်မြှင့်တင်မည့်သူများအတွက်ပို၍အဆင်ပြေချောမွေ့စေမည်ဖြစ်သည်။

Game

ယခုအပတ်အတွင်းPC ဂိမ်းသစ်များအဖြစ်Generals နှင့်Act of War ကဲ့သို့Strategy ဂိမ်းကစားသူများ သေချာပေါက်အကြိုက်တွေ့မည့်Act of Aggression အမည်ရRTS ဂိမ်းသစ်နှင့်အတူအခြားPC ဂိမ်းသစ်များဆက်လက်ထွက်ရှိလာပါတယ်။Act of Aggression တွင်ကစားသူဟာAllied Forces နှင့်Chimera ကဲ့သို့စစ်တပ်များကိုကိုင်တွယ်၍စခန်းများဆောက်ပြီး Resources များရှာဖွေကာရန်သူများကိုတိုက်ခိုက်ရမည့်Real Time Strategy GamePlay ဖြစ်ပါတယ်။အခြားဂိမ်းသစ်များအဖြစ်လည်းFlight Simulator နှင့်Action ဂိမ်းဖြစ်သောVector Thrust နှင့်အတူFPS ဂိမ်းသစ်Killing Floor 2 တို့လည်းဆက်လက်ထွက်ရှိလာပါတယ်။

          PlayStation 4 ဂိမ်းစက်အတွက်ကတော့PS3 တွင်ထွက်ရှိခဲ့ပြီးသောGod of War 3 ဂိမ်း၏HD Remastered Version ထွက်ရှိလာပြီးGraphics ပိုင်းနှင့်Texture ပိုင်းများပိုမိုကောင်းမွန်လာရုံသာမက1080p video support နှင့်ပိုမိုသွက်လက်သော60FPS GamePlay နှင့်အတူChallenge Mode အသစ်များလည်းပါဝင်ထားပါတယ်။Game Hive ဖုန်းနံပါတ်၀၉၇၃၁၁၈၅၅၀နှင့်၀၉၄၅၀၀၄၁၅၀၀သို့ဆက်သွယ်ဝယ်ယူနိုင်ပါတယ်။

XOLO Omega 5.0


Network                  -         GSM/WCDMA
Screen                    -         5inches
CPU                       -         Octa Core 1.4GHz
OS                         -         Android OS, v4.4.2
Memory                  -         up to 32GB
Bluetooth                -         v4.0
Contact                   -         09-250080364
Price                       -         165,000 Ks

                   အိန္ဒိယနိုင်ငံအခြေစိုက်စမတ်ဖုန်းထုတ်လုပ်သည့်ကုမ္ပဏီဖြစ်သောXOLO သည် ပြည်တွင်းဈေးကွက်အတွက်ဖုန်းအမျိုးအစားအချို့ကိုထုတ်လုပ်ရောင်းချပေးထားပါတယ်။ထိုအမျိုးအစားတွေထဲကတစ်ခုဖြစ်သည့်Omega 5.0 ဟာ144x72x10.5mm အရွယ်အစားရှိပါတယ်။ဖုန်းကိုယ်ထည်ကတော့ထိပ်ဘက်နှင့်အောက်ဘက်များသည်အ၀န်းအ၀ိုက်ပုံစံရှိပါတယ်။ဖုန်းရဲ့အနောက်ဘက်တွင်အဓိကကင်မရာဟာအ၀ိုင်းပုံသဏ္ဌာန်ရှိပြီး၊ Flash မီးကိုတော့မှန်ဘီလူးအောက်ဘက်တွင်တပ်ဆင်ပေးထားပါတယ်။ဖုန်းရဲ့ဘေးဘောင်များဟာငွေမှင်ရောင်လိုင်းဖြင့် ခြယ်မှုန်းပေးထားပါတယ်။ဖုန်းရဲ့Power Butoonနဲ့အသံအတိုးအချဲ့ခလုတ်များဟာငွေမှင်ရောင်လိုင်းနှင့်တစ်သားတည်းရောယှက်နေပါတယ်။အခြားဖုန်းများကဲ့သို့ထင်ပေါ်အောင်မဖန်တီးပေးထားခြင်းဟာလည်းထူးခြားသည့်ဒီဇိုင်းပုံစံဖြစ်ပါတယ်။USB Port နှင့်နားကြပ်အပေါက်ဟာဖုန်းရဲ့ထိပ်ဘက်တွင်တည်ရှိပါတယ်။အသုံးပြုနိုင်မယ့်UI ကလည်းအမြင်တစ်မျိုးဆန်းသစ်ပါတယ်။Touch Screen အားစတင်အသုံးပြုဖို့အတွက်ဖွင့်သည့်အခါတွင်ကင်မရာ၊မက်ဆေ့ခ်ျနှင့်ဖုန်းခေါ်ဆိုမှုများကိုတိုက်ရိုက်အသုံးပြုနိုင်အောင်ဆောင်ရွက်ပေးထားပါတယ်။ဆင်းကတ်နှစ်ကတ်ထည့်သွင်းအသုံးပြုနိုင်အောင်ဆောင်ရွက်ပေးထားခြင်းကြောင့်ဆင်းကတ်အပိုင်းတွင်အားသာချက်ရှိပါတယ်။IPS LCD capacitive touchscreen ရဲ့အကျယ်အ၀န်းပမာဏကတော့5 inchesပါ။မြင်ကွင်းစွမ်းရည်အတွက်ထောက်ပံ့ပေးထားသည့်pixels ပမာဏသည်720x1280 ဖြစ်ပြီး၊တစ်လက်မမှာရှိမယ့်pixelပမာဏသိပ်သည်းဆကတော့294ppi ပါ။အဓိကကင်မရာဟာ8MP စွမ်းရည်ရှိပြီး၊ရှေ့ကင်မရာငယ်ကတော့2MPစွမ်းရည်ဖြစ်ပါတယ်။မှတ်ဥာဏ်ပမာဏအပိုင်းတွင်RAM ကို1GB နှင့်Internal Storage ကို8GB ထည့်သွင်းပေးထားပါတယ်။တပ်ဆင်ပေးထားသောဘက်ထရီအမျိုးအစားကတော့Li-Ion 2100mAh ဖြစ်ပြီး၊3G network တွင်စကားပြောဆိုဖို့အတွက်၇နာရီနီးပါးခံနိုင်ရည်ရှိပါမယ်။

အပါးဆုံးဆိုတဲ့ဖုန်းတွေရဲ့ပြိုင်ကွင်းထဲဝင်ရောက်လာတဲ့စိန်ခေါ်သူအသစ်Galaxy A8

ပြည်တွင်းဝင်ရောက်လာတဲ့စမတ်ဖုန်းတွေထဲမှာနောက်ဆုံးပေါ်လုပ်ဆောင်ချက်တွေထည့်သွင်းပြီးတော့သုံးစွဲသူတွေကိုဆွဲဆောင်ထားတဲ့စမတ်ဖုန်းကုမ္ပဏီတစ်ခုရှိပါတယ်။သူကတော့ကိုရီးယားအခြေစိုက်စမတ်ဖုန်းထုတ်လုပ်သူတစ်ဦးဖြစ်တဲ့Samsung ပဲဖြစ်ပါတယ်။High-end စမတ်ဖုန်းထုတ်လုပ်မှုအပိုင်းနဲ့ပတ်သတ်ရင်Samsungဆိုတာအတော်ကြီးကိုနာမည်ကျော်ကြားပါတယ်။Galaxy S6 ဖုန်းတွေကိုဒီဇိုင်းပိုင်းဆိုင်တစ်ခုတည်းအတွက်တင်မကဘဲအခြားသောလုပ်ဆောင်ချက်အများစုကိုပါထည့်သွင်းထားတာကြောင့်သုံးစွဲသူအများစုကြိုက်နှစ်သက်တာကိုတွေ့နေရပါတယ်။ဆမ်ဆောင်းအနေနဲ့Galaxy S Series တွေကိုထုတ်လုပ်မှုတစ်ခုတည်းအတွက်တင်မကပါဘူး၊အခြားစီးရီးတွေကိုလည်းထုတ်လုပ်လေ့ရှိပါတယ်။သူတို့ကတော့Galaxy E, A စီးရီးတွေပဲဖြစ်ပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကတော့ဆမ်ဆောင်းဟာပြည်ပဈေးကွက်လို့သတ်မှတ်နိုင်တဲ့တရုတ်နိုင်ငံမှာသူတို့ရဲ့A Series ဖုန်းအသစ်Galaxy A8 ကိုမိတ်ဆက်လိုက်ပါတယ်။အခြားသောပါးလွှာတဲ့ဖုန်းတွေရှိနေပေမယ့်ဆမ်ဆောင်းဟာသူတို့ဖုန်းကိုလည်းပါးလွှာမှုရှိတယ်လို့ဆိုထားပါတယ်။ကိုယ်ထည်ပါးလွှာမှုအပိုင်းမှာ5.9mm အထူရှိပြီး၊အလေးချိန်ကတော့၅.၃အောင်စရှိမယ်လို့ဆိုပါတယ်။အရောင်ရွေးချယ်မှုအပိုင်းမှာတော့ ရွှေရောင်၊အဖြူရောင်နှစ်မျိုးပဲလာမှာပါ။ဒီဇိုင်းပိုင်းမှာတော့သူ့အရင်၂၀၁၄ခုနှစ်အတွင်းကထွက်ရှိထားတဲ့ဗစီးရီးဖုန်းတွေနဲ့ကွဲပြားမှုရှိပါလိမ့်မယ်။၅.၇လက်မဖန်သားပြင်ကိုသုံးစွဲနိုင်မှာဖြစ်ပြီး1080p ရုပ်ထွက်နဲ့ခံစားရနိုင်ပါလိမ့်မယ်။ပရိုဆက်ဆာပိုင်းမှာဆိုရင်တော့Snapdragon 615 ကိုသုံးထားပြီး2GB RAM နဲ့အချက်အလက်သိုလှောင်နိုင်စွမ်း 16GB ပါဝင်လာမှာဖြစ်ပါတယ်။ထပ်မံလိုအပ်မယ့်အချက်အလက်တွေကတေှာီ့ ခမေိကိုသုံးစွဲနိုင်စွမ်းပေးပါလိမ့်မယ်။ကင်မရာပိုင်းဆိုင်ရာနဲ့ပတ်သတ်ရင်တော့၁၆ဏြကိုအဓိကထားသုံးစွဲနိုင်မှာဖြစ်ပြီးအရှေ့ဘက်ကင်မရာငယ်ကတော့5MP တပ်ဆင်ပေးထားမှာဖြစ်ပါတယ်။ဘက်ထရီပိုင်းဆိုင်ရာနဲ့ပတ်သက်ရင်တော့စွမ်းဆောင်ရည်ကောင်းပြီးအားများတဲ့3050mAh ကိုသုံးစွဲနိုင်မှာပါ။ နောက်ထပ်လုပ်ဆောင်ချက်ကတော့64bitဖုန်းတွေနဲ့လုံးဝအံဝင်ခွင်ကျသုံးနိုင်မယ့်Android 5.1 Lollipop ကိုတစ်ပါတည်းinstall ပြုလုပ်ပေးထားမှာပါ။ထူးခြားတဲ့လုပ်ဆောင်ချက်တစ်ခုကတော့ဖုန်းရဲ့ Home button မှာ fingerprint scanner ကိုသုံးနိုင်မှာပဲဖြစ်ပါတယ်။App တွေဖွင့်လှစ်သုံးစွဲတာနဲ့အခြားသောလုံခြုံရေးဆိုင်ရာတွေအတွက်လက်ဗွေရာစနစ်နဲ့သတ်မှတ်ထားနိုင်မှာပါ။ကိုရီးယားနည်းပညာကုမ္ပဏီအနေနဲ့ကတော့သူတို့ဖုန်းဟာကုမ္ပဏီအတွက်တကယ်လည်းပါးလွှာမှုရှိတဲ့ဖုန်းအဖြစ်သတ်မှတ်ထားပါတယ်။ဖုန်းကိုတော့ တောင်ကိုရီးယားနဲ့တရုတ်နိုင်ငံမှာရှိတဲ့ဆမ်ဆောင်းသုံးတဲ့သူတွေစတင်ပြီးသုံးစွဲနိုင်လိမ့်မယ်လို့ဆိုပါတယ်။ဒါကြောင့်၂၀၁၄ခုနှစ်အတွင်းကထွက်ရှိထားခဲ့တဲ့A3, A5, 7 တို့ရဲ့မျိုးဆက်Galaxy A8 ကိုလေ့လာကြည့်ရအောင် . . .

Full HD မျက်နှာပြင်ဖော်ပြနိုင်စွမ်း
စမတ်ဖုန်းတစ်လုံးအတွက်မျက်နှာပြင် ဖော်ပြနိုင်စွမ်းဟာအရေးကြီးလှပါတယ်။ကြည်လင်ပြတ်သားတဲ့ပုံရိပ်ဖော်ပြနိုင်စွမ်းရရှိမှာသာဂိမ်းတွေဆော့ကစားတာ၊ရုပ်ရှင်ကားတွေကြည့်တဲ့အချိန်မှာစိတ်ချမ်းသာစေမှာပါ။ဒါကြောင့်A8မှာမျက်နှာပြင်ပုံရိပ်ဖော်ပြမှုကိုအကောင်းဆုံးစွမ်းဆောင်ပေးနိုင်မယ့်Full HD (1080x1920) ကိုပေးစွမ်းထားပါတယ်။Display ကတော့Super AMOLED ဖြစ်ပြီး၅.၇လက်မမျက်နှာပြင်မှာပုံရိပ်တွေကိုအသေးစိတ်မြင်တွေ့နိုင်ဖို့386ppi နဲ့ ထောက်ပံ့ပေးထားပါတယ်။ Black Screen အပြည့်သုံးစွဲထားတာမဟုတ်ပေမယ့် ဘေးဘောင်လေးတွေရဲ့အကျယ်အ၀န်းက0.23in သာရှိတာကြောင့်၅လက်မခွဲမြင်ကွင်းအရသာကိုခံစားနိုင်ပါလိမ့်မယ်။အလင်းရောင်တိုက်ရိုက်ကျတဲ့ နေရောင်ထဲမှာဖုန်းကိုအသုံးပြုရင်တောင်မှမြင်ကွင်းတွေကိုအနှောင့်အယှက်မဖြစ်ဘဲကြည့်နိုင်ပါလိမ့်မယ်။



ဖုန်းမှာမောင်းနှင်ပေးမယ့်OS
ဆမ်ဆောင်းအနေနဲ့A8 ကိုတရုတ်နိုင်ငံတွင်းဈေးကွက်အတွက်ရည်ရွယ်ထားပုံပေါ်ပါတယ်။ဘာကြောင့်လဲဆိုရင်ကွန်ရက်ချိတ်ဆက်မှု၊OS သုံးစွဲမှုနဲ့UI ပိုင်းတွေမှာအတော်ကြီးကိုပြောင်းလဲထားလို့ပါ။OS ကတော့နောက်ဆုံးထွက်android 5.0 နဲ့အတူသူတို့ရဲ့ကိုယ်ပိုင် UI အပြင်အဆင်ကိုသုံးနိုင်မှာပါ။Smart manager လုပ်ဆောင်ချက်ကလည်းဖုန်းထဲမှာမလိုအပ်တဲ့ဖိုင်တွေကိုရှင်းထုတ်ပေးတာ၊ဗိုင်းရပ်စ်တွေကိုကာကွယ်ပေးတာတွေကို ပြုလုပ်နိုင်မှာဖြစ်ပါတယ်။ပြီးတော့မျက်နှာပြင်ကြီးတဲ့စမတ်ဖုန်းဖြစ်တာကြောင့်လက်တစ်ဖက်တည်းနဲ့ကိုင်တွယ်သုံးနိုင်မယ့်one-hand modeကိုလည်းအသုံးချနိုင်ပါလိမ့်မယ်။မိုဘိုင်းငွေပေးချေမှုနဲ့အတွက်နဲ့ဖုန်းအဖွင့်အပိတ်လုံခြုံရေးဆိုင်ရာအတွက်လက်ဗွေစနစ်ကအတော်လေးအသုံးတည့်ပါလိမ့်မယ်။အဆင့်မြင့်တဲ့Theme တွေကိုလည်းပြောင်းလဲသုံးစွဲနိုင်ပါလိမ့်မယ်။ Information flot ဆိုတဲ့လုပ်ဆောင်ချက်ကိုလည်းထည့်သွင်းပေးထားပါတယ်။

16MP ကင်မရာနဲ့ Selfie အတွက်5MP
အခုဆိုရင်ဖုန်းတွေထပ်တိုးလုပ်ဆောင်ချက်တွေထဲမှာကင်မရာကိုပါထည့်သွင်းလာကြပါပြီ။စမတ်ဖုန်းကိုနေရာအစုံယူဆောင်သွားလို့ရနိုင်တာကြောင့်ကင်မရာဟာအပျော်တမ်းဓာတ်ပုံရိုက်လို့ရတဲ့အသေးစားကင်မရာလောက်တော့ ကောင်းဖို့လိုအပ်ပါတယ်။အဓိကကင်မရာဟာ16MP ဖြစ်ပြီးဓာတ်ပုံတွေရိုက်ကူးမယ်ဆိုရင်5321x2988pအရည်အသွေးရရှိနိုင်မှာဖြစ်ပြီးHDR mode သုံးပြီးရိုက်မယ်ဆိုရင်တော့စိုပြည်ပြီးအရောင်စိုတဲ့ပုံတွေကိုရပါလိမ့်မယ်။video ရိုက်မယ်ဆိုရင်တော့ 1080@30fps ရရှိနိုင်မှာပါ။ မြင်ကွင်းကျယ်ဓာတ်ပုံရိုက်ကူးလိုသူတွေအတွက်ကတော့Panorama သုံးစွဲနိုင်ပါလိမ့်မယ်။သူငယ်ချင်းတွေနဲ့အုပ်စုလိုက် Selfie ရိုက်ကူးလိုသူတွေအတွက်ကတော့5MP ကင်မရာကိုသုံးစွဲနိုင်ပါလိမ့်မယ်။Selfieရိုက်လိုသူတွေအတွက် နောက်ထပ်လုပ်ဆောင်ချက်ကတော့၁၂၀ဒီဂရီ wide-angle ရိုက်ကူးနိုင်စွမ်းရှိမှာဖြစ်ပါတယ်။

သိမ်းဆည်းနိုင်စွမ်းနဲ့စွမ်းဆောင်ရည်
စမတ်ဖုန်းတစ်လုံး(သို့)မိုဘိုင်းdevice တစ်ခုအတွက်လုပ်ဆောင်နိုင်စွမ်းတွေကိုလွယ်လင့်တကူနေရာဒေသမရွေးသုံးစွဲနိုင်စေအောင်ကူညီပေးမှာကတော့သူ့မှာထည့်သွင်းတည်ဆောက်ထားတဲ့Hardware ပဲ။Galaxy A8 မှာ Octa-core 64bit ပရိုဆက်ဆာကိုသုံးစွဲနိုင်မှာဖြစ်ပါတယ်။RAM ကတော့2GB ထောက်ပံ့ပေးထားပါတယ်။Snapdragon 615 ရဲ့ပေါင်းစပ်မှုကတော့1.5GHz Cortex-A53 Quad-Core နဲ့1.0GHz Cortex-A53 Quad Core တို့ပူးတွဲအလုပ်လုပ်မှာ ဖြစ်ပါတယ်။အချက်အလက်တွေသိုလှောင်သိမ်းဆည်းထားနိုင်ဖို့အတွက်လတ်တလောထွက်ရှိထားတဲ့စမတ်ဖုန်းတွေကိုယှဉ်ပြိုင်နိုင်စွမ်းရှိတဲ့16/32GB ပဲဖြစ်ပြီးတော့nano sim ကိုအသုံးမပြုဘူးဆိုရင်တော့128GB ကိုsim 2 slot ကနေတိုး မြှင့်နိုင်မှာပါ။

ဘက်ထရီစွမ်းအားနဲ့ကွန်ရက်ချိတ်ဆက်မှု
3050mAh ဘက်ထရီစွမ်းအားကိုသုံးစွဲနိုင်မှာဖြစ်ပြီးဆက်တိုက် ပြောဆိုနိုင်စွမ်းနဲ့အသင့်အနေအထားအချိန်ကိုတော့တရားဝင်ထုတ်ပြန်ခြင်းမရှိသေးပါဘူး။ကွန်ရက်ချိတ်ဆက်နိုင်စွမ်းကတော့ နောက်ဆုံးပေါ်ဖုန်းဖြစ်မှုနဲ့အတူ4G LTEကွန်ရက်မှာသုံးစွဲနိုင်ပါလိမ့်မယ်။အချက်အလက်တွေ ဝေမျှသုံးစွဲနိုင်စေဖို့အတွက်တော့Bluetooth 4.1, wifiတို့ကိုသုံးစွဲနိုင်ပါလိမ့်မယ်။အခြားချိတ်ဆက်မှုတွေအနေနဲ့Micro-USB 2.0, USB host၊အွန်လိုင်းချိတ်ဆက်သုံးစွဲမှုအနေနဲ့life-service၁၅ခုတောင်ပါဝင်လာမှာဖြစ်ပါတယ်။ဖုန်းနံပါတ်တွေကိုလွယ်ကူစွာရှာဖွေနိုင်သလို ဒေတာသိမ်းဆည်းမှုအပိုင်းအနေနဲ့နံပါတ်ပေါင်းများစွာကိုမှတ်သားနိုင်မှာပါ။Powersaving mode ကိုသုံးလိုက်မယ်ဆိုရင်ဖုန်းမျက်နှာပြင်ကိုအနက်ရောင်ကိုပြောင်းလိုက်မှာဖြစ်ပါတယ်။မျက်နှာပြင်ကိုလည်းmulti-window နှစ်ခုသုံးနိုင်မှာပါ။


စစ်ကိုင်းမြို့၏မြို့တည်နှစ်၇၀၀ ပြည့်ပွဲတွင် AUNG KANBOပါဝင်

နှစ် (၁၀၀)မှတစ်ကြိမ်သာကျင်းပလျက်ရှိသောစစ်ကိုင်းမြို့၏မြို့တည်သည့်နှစ်၇၀၀ ပြည့်ဂုဏ်ပြုပွဲကြီးကိုဇူလိုင်လ၂၆ရက်နေ့မှစ၍၂၈ရက်နေ့အထိသုံးရက်တိုင်တိုင်ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။အဆိုပါဂုဏ် ပြုပွဲကြီးတွင်AUNG KANBO TRADNING COMPANY LTD., ၏ဆိုင်ကယ်ဌာန၊ကားကြီးဌာနနှင့်SMARTPHONE ဌာနတို့မှSponsor အဖြစ်ပါဝင်ကူညီပေးမည်ဖြစ်သည်။ထိုဂုဏ်ပြုပွဲသို့နိုင်ငံတော်သမ္မတဦးသိန်းစိန်ကိုယ်တိုင်တက်ရောက်မည်ဖြစ်ကြောင်းသိရသည်။AUNG KANBO TRADING COMPANY LTDမှဂုဏ်ပြုပွဲကြီး၏တင်ဆက်မှုအစီအစဉ်များကိုအချိန်နှင့်တစ်ပြေးညီKENBO Smartphone ၏Facebook စာမျက်နှာပေါ်တွင်တင်ပြပေးသွားမှာဖြစ်ကြောင်းသိရသည်။

--------
ရဲလင်းစိုး

Panasonic မှ 4K TV, 2015 Line upများကိုမိတ်ဆက်ပြသခဲ့

Panasonic မှနည်းပညာမျိုးဆက်သစ်ဖြစ်သောLife+ Screen 4K Ultra HD နှင့်HD Smart TV, 2015 Line-up များကိုSuleShangriLa Hotel တွင်မိတ်ဆက်ပြသသွားခဲ့ကြောင်းသိရသည်။အဆိုပါပွဲတွင်နည်းပညာသစ်များဖြင့်ပေါင်းစပ်ထုတ်လုပ်ထားသော4K TV X 940 Series ကိုအထူးမိတ်ဆက် ပြသသွားခဲ့သည်။၎င်းTV သည်မျက်နှာပြင်အနေအထား85” ဖြင့်ထွက်ရှိလာပြီးFlagship high end Model ဖြစ်ကာSuperior 4K ၏ပုံရိပ်အရည်အသွေးများ၊Beyond Smart TV ၏သီးသန့်လုပ်ဆောင်မှုများ၊4K Studio Master Drive များနှင့်Studio Master Color များပါဝင်သည်ဟုသိရသည်။Panasonic ၏4K Ultra Line up များသည်High Definition ထက်ပုံရိပ်အရည်အသွေး၎ဆပိုမိုကောင်းမွန်ကာနည်းပညာအသစ်များဖြင့်အကောင်းဆုံးပုံရိပ်များကိုစွမ်းဆောင်ပေးနိုင်သောHD TV အမျိုးအစားများဖြစ်သည်။Mozilla နှင့်အတူပူးပေါင်းလုပ်ဆောင်ထားသော2015 Life +Screen Smart TVsတွေကိုလည်းFirefox OS နှင့်အဆင့်မြှင့်တင်ထားကာအသုံးပြုသူများ၏လိုအပ်ချက်များအတွက်TV နှင့်ဆက်စပ်ပစ္စည်းများ၊Application များကိုအလွယ်တကူအသုံးပြုနိုင်ရန်အတွက်Panasonic မှဆောင်ရွက်ပေးထားကြောင်းသိရသည်။ Panasonic သည်ဝယ်ယူသုံးစွဲသူများ၏လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန်ထုတ်ကုန်ပစ္စည်းမျိုးစုံဖြစ်သည့်4K Ultra HDTVS, BlurayDisc.Player, Lumix Digital Camera၊ဗီဒီယိုကင်မရာHome Audio, Cordless Phones၊အိမ်သုံးနှင့်မီးဖိုချောင်သုံးပစ္စည်းများ၊ကျန်းမာရေးနှင့်အလှအပဆိုင်ရာပစ္စည်းများအစရှိသည့်ကုန်ပစ္စည်းပေါင်းများစွာကိုတိုးချဲ့ရောင်းချပေးသွားမှာဖြစ်သည်။“Best Global Green Brands” ၂၀၁၄ခုနှစ်၏အစီရင်ခံစာထုတ် ပြန်ချက်တွင်Panasonic သည်အီလက်ထရောနစ်နယ်ပယ်တွင်အဆင့်၅နေရာ၌ရပ်တည်လျက်ရှိကြောင်းသိရသည်။

---------
ရဲလင်းစိုး

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ ၀န်ဆောင်မှုအသုံးပြုသူ ၁၃ သန်းဝန်းကျင်ရှိလာ

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ ၀န်ဆောင်မှုအသုံးပြုသူအရေအတွက် ၁၃ သန်းနီးပါးရှိလာပြီဖြစ်ကြောင်းသိရသည်။
                    မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် ပူးပေါင်းလုပ်ဆောင်နေသော KDDI-SUMITOMO Joint operation ၏ အမှုဆောင်အရာရှိချုပ် Mr.Takashi NAGASHIMA က “   MPT အနေနဲ့ကအရင်အသုံးပြုသူဦးရေ ၆သန်းရှိတာကနေ အခု KDDI-SUMITOMO နဲ့ Joint operation လုပ်ပြီးတဲ့နောက်မှာအသုံးပြုတဲ့သူ ၇ သန်းထပ်တိုးလာတယ်။ အခုလက်ရှိသုံးစွဲသူဦးရေက ၁၃သန်း ၀န်းကျင်ရှိနေပါတယ်” ဟုပြောသည်။
“အော်ပရေတာတွေ အပြိုင်ပေါ်လာတာတော့ဟုတ်တယ်။ ဒါပေမယ့်သုံးစွဲသူတွေက MPT ဆင်းကတ်ကိုလဲအပြိုင်သုံးနေတာပါပဲ ၊ ဒါကြောင့် စာရင်းအရတော့သိသိသာသာလျော့သွားတာမျိုးမရှိဘူး။ အပြိုင်တွေဖြစ်လာလို့လည်း MPT ဘက်ကနေ နက်ဝေါ့ချဲ့တာတို့ ဈေးနှုန်းလျော့တာတို့၊ ဘောနပ်စ်ပေးတာတို့တွေကိုအခါအားလျော်စွာလုပ်ပေးနေတာပါ။ ပြီးတော့ အင်တာနက်ပိုင်းတွေကအစ ၀န်ဆောင်မှုပိုကောင်းလာအောင် ဈေးနှုန်းပိုင်းမှာလည်းယှဉ်ပြီးသုံးရင် အဆင်ပြေအောင် အမြဲတမ်းဈေးကွက်လေ့လာမှုတွေလုပ်ပြီး ပြည်သူတွေရဲ့ ကွန်ပလိန်းကိုလည်းအမြဲတမ်းနားစွင့်နေပါတယ်” ဟုMr.Takashi NAGASHIMA ကဆိုပါသည်။
                   မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ယခင်ထုတ်လုပ်ခဲ့သောCDMA 450 နှင့် 800  သုံးစွဲသူများမှ ၀န်ဆောင်မှုအသစ်ဖြစ်သောဆွေသဟာသို့ပြောင်းလဲအသုံးပြုလာခြင်းများရှိနေပြီးအချိန်နှင့် အမျှဆင်းကတ်အပြောင်းအလဲပြုလုပ်နေခြင်းကြောင့် ဆင်းကတ်အမျိုးအစားတစ်ခုခြင်းအလိုက် မည်မျှအသုံးပြုနေသည်ကိုအတိအကျထုတ်ပြန်ရန် ခက်ခဲကြောင်းလည်းသိရသည်။
                  “ တစ်ခုပြောနိုင်တာကတော့ ဆွေသဟာဝန်ဆောင်မှုအသုံးပြုတဲ့သူက လက်ရှိ MPT အသုံးပြုနေသူအားလုံးရဲ့ ထက်ဝက်ကျော်ရှိနေပါတယ်။ CDMA 450 တို့ 800 တို့ကထပ်မချပေးဘူးဆိုပေမယ့် အရင်စာရင်းကအခုမမှန်တော့ပါဘူး။ ဘာလို့လဲဆိုတော့ CDMA customer တွေကတစ်ခြားဆင်းကတ်တွေကိုပြောင်းသုံးနေတာတွေရှိတော့ အရင်စာရင်းတော့ မဟုတ်တော့ပါဘူး။ ကျွန်တော်တို့ကတော့ လက်ရှိသုံးနေတဲ့ ပျမ်းမျှဆင်းကတ်အရေအတွက်ကိုပဲပြောနိုင်ပါတယ်။ ကျန်တာကတော့ စာရင်းအတိအကျပြောဖို့ခက်တယ်” ဟုလည်းMr.Takashi NAGASHIMA ကရှင်းပြပါသည်။
၂၀၁၅ မတ်လကုန်အထိ ပြည်တွင်းပထ၀ီအနေအထားအရ နိုင်ငံ၏ ၇၀% နီးပါးအား MPT နက်ဝေါ့လွှမ်းခြုံထားနိုင်ပြီဖြစ်ပြီးလူဦးရေအရတိုင်းပြည်လူဦးရေ၏ ၉၀% ကျော်ရောက်ရှိပြီဖြစ်ကြောင်းသိရသည်။၂၀၁၆ မတ်လကုန်ပိုင်းတွင် လက်ရှိရှိနေတဲ့ တာဝါတိုင် ၂၅၀၀ ရဲ့ ၂ဆ ဖြစ်တဲ့ တာဝါတိုင် ၅၀၀၀ နီးပါးအထိ ရှိလာဖို့ အစီအစဉ်ဆွဲထားကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သတင်းထုတ်ပြန်ပါသည်။ 

-----------------
ရဲလင်းလင်းသန်း


LG G Flex 2

Network - GSM/HSPA/LTE
Processor - QC 1.5GHz & QC 2 GHz
Screen - 5.5inches
Camera - 13 MP
Bluetooth - v4.1
Storage - up to 128GB
OS - Android OS, v5.0.1
Contact - 09-73171214
Price - 709,000Ks

ဒီဇိုင်းပုံစံထူးခြားဆန်းပြားသည့်ဟန်းဆက်များကိုအသုံးပြုချင်သူများအတွက်ဖုန်းထုတ်လုပ်သည့်ကုမ္ပဏီများသည်ရိုးရိုးဟန်းဆက်များနဲ့အသွင်ကွဲသည့်ဖုန်းများကိုထုတ်လုပ်ပေးထားကြပါတယ်။ထိုဖုန်းများကတော့ကိုယ်ထည်ကွေးသော၊မျက်နှာပြင်ခုံးသောဟန်းဆက်များဖြစ်ပါတယ်။မျက်နှာပြင်ခုံးသောဟန်းဆက်များသည်အချို့သောသုံးစွဲသူများအတွက်ရသသစ်တစ်မျိုးကိုပေးစွမ်းနိုင်ပါတယ်။ဒါကြောင့်ခံစားမှုအပြောင်းအလဲကိုရရှိချင်သည့်သုံးစွဲသူများသည်ထိုဟန်းဆက်များကိုဝယ်ယူအသုံးပြုကြပါတယ်။မျက်နှာပြင်ကွေးညွှတ်သည့်ဖုန်းများကိုထုတ်လုပ်ထားသည့်ကုမ္ပဏီများကတော့Samsung နဲ့LG တို့ဖြစ်ပါတယ်။LG ဟာပထမမျိုးဆက်G Flex ကိုထုတ်လုပ်ရောင်းချပေးထားပြီး၊၂၀၁၅ခုနှစ်မှာတော့ဒုတိယမျိုးဆက်ကိုထပ်မံမိတ်ဆက်လာပါတယ်။မျက်နှာပြင်ကွေးညွှတ်သည့်ဖုန်းများဟာတန်ဖိုးမြင့်မားသောClass Aအမျိုးအစားဖုန်းတွေဖြစ်ပါတယ်။G Flex 2 ဟာထုတ်လုပ်ရောင်းချရာဒေသအလိုက်မော်ဒယ်နံပါတ်များကွဲပြားပါတယ်။ပျမ်းမျှမော်ဒယ်နံပါတ်လေးခုရှိပါတယ်။LG H955, LG LS996, LG H950, LG US995 တို့ဖြစ်ပါတယ်။2G, 3G, 4G network များသုံးစွဲနိုင်မယ့်G Flex 2 ရဲ့ကိုယ်ထည်တွင်Self-healing back panel coating ပါရှိပါတယ်။ကိုင်ဆောင်အသုံးပြုဖို့အတွက်ထုတ်လုပ်ပေးထားသည့်ဖုန်းရဲ့အလျား၊အနံအရွယ်အစားကတော့149.1x75.3 ဖြစ်ပါတယ်။အထူပမာဏကတော့ (7.1-9.4) mm ရှိပါတယ်။အလေးချိန်သည်152g ဖြစ်ပါတယ်။ဖုန်းရဲ့မျက်နှာပြင်အတွက်အသုံးပြုပေးထားသောTouchscreenကတော့Curved P-OLED capacitive touchscreen အမျိုးအစားပါ။ဖုန်းရဲ့မျက်နှာပြင်အကျယ်အ၀န်းဟာ5.5 inches ရှိပါတယ်။ မြင်ကွင်းစွမ်းရည်အတွက်ထောက်ပံ့ပေးထားသောpixels ပမာဏကတော့1080x1920 ပါ။တစ်လက်မမှာရှိမယ့်pixelပမာဏသိပ်သည်းဆကတော့403ppi ဖြစ်ပါတယ်။အကြမ်းခံနိုင်သောဖုန်းမျက်နှာပြင်ဖြစ်စေဖို့အတွက်လည်းGorilla Glass 3ဖုံးအုပ်ပေးထားပါသေးတယ်။အဓိကကင်မရာဟာကောင်းမွန်သောအမျိုးအစားဖြစ်ပါတယ်။ Dual LED Flash စနစ်ပါရှိပြီး၊ဓာတ်ပုံရိုက်ကူးနိုင်သောဆက်စပ်စနစ်များဖြစ်သည့်Laser autofocus, optical image stabilization များကိုလည်းအသုံးပြုနိုင်ပါတယ်။အနောက်ဘက်ကင်မရာသည်13MP စွမ်းရည်ရှိပါတယ်။ရှေ့ကင်မရာငယ်ကတော့2.1MP စွမ်းရည်ပါ။2160p စွမ်းရည်ဖြင့်ဗီဒီယိုရိုက်ကူးပါကတစ်စက္ကန့်ကို30frames နှုန်းရရှိပါမယ်။1080p စွမ်းရည်ဖြင့်ရိုက်ကူးလျှင်တစ်စက္ကန့်ကို60frames ရရှိပါမယ်။မှတ်ဥာဏ်ပမာဏတွင်နှစ်မျိုးနှစ်စားရှိပါမယ်။RAM 2GB ဖြစ်ပါကInternal Storageသည်16GB ပါရှိပါမယ်။RAM သည်3GB ဖြစ်လျှင်Internal Storage က32GB ပါ။ဘက်ထရီအမျိုးအစားကLi-Po 3000mAh ဖြစ်ပြီး၊အားသွင်းမြန်ဆန်သောQuick Charge 2.0 ပါရှိပါတယ်။

Tears Revolude , Size: 47MB

Tears Revoludeကိုဖြန့်ချိပေးလိုက်တဲ့KemcoဟာJapanese-style RPG ဂိမ်းအမျိုးအစားတွေဖန်တီးနေတဲ့Publisher တစ်ခု ဖြစ်ပြီးအမြင်ပိုင်းမှာဆွဲဆောင်မှုရှိအောင်Anime နဲ့Monster တွေကို2-5D effect တွေသုံးပြီးRPG ပရိသတ်အားလုံးအတွက်ခေါ်ဆောင်လာခဲ့တာဖြစ်ပါတယ်။လွန်ခဲ့တဲ့ရာစုနှစ်ကျော်ကထင်ရှားကျော်ကြားတဲ့Orwielလို့ခေါ်တဲ့ပညာသည်တစ်ယောက်ရှိပါတယ်။Sionနဲ့Michelle တို့ဟာသူတို့ရဲ့နောက်ဆုံးအပြီးသတ်အလုပ်အတွက်ခရီးတစ်ခုစတင်ခဲ့ပြီးလမ်းတစ်လျှောက်မှာLiaraဆိုတဲ့အတိတ်မေ့နေတဲ့မိန်းကလေးတစ်ယောက်နဲ့ဆုံတွေ့ပြီးနောက်ပိုင်းမှာကံကြမ္မာအလှည့်အပြောင်းတွေနဲ့ရင်ဆိုင်ကြုံတွေ့လာရပါတယ်။အရာအားလုံးပြောင်းလဲသွားပြီးမိန်းကလေးရဲ့ပျောက်ဆုံးသွားတဲ့မှတ်ဥာဏ်တွေကိုရှာဖွေဖို့ကဒီဂိမ်းရဲ့mission ပဲဖြစ်ပါတယ်။3D မြင်ကွင်းနဲ့တောနက်ကြီးထဲမှာစွန့်စားလှုပ်ရှားရင်းနဲ့ဂိမ်းကိုစတင်ရမှာဖြစ်ပြီးကစားရတာလွယ်ကူရိုးရှင်းပါတယ်။Animation တွေဟာလည်းဆွဲဆောင်မှုအပြည့်နဲ့အသက်ဝင်နေမှာဖြစ်ပြီးဒီဂိမ်းမှာပါဝင်မယ့်ဇာတ်ကောင်ရဲ့လက်နက်တွေကိုအဆင့်မြှင့်တင်နိုင်ဖို့မြို့ထဲမှာရှိတဲ့ပန်းပဲဆရာတစ်ယောက်ဆီကိုအရောက်သွားနိုင်ရပါမယ်။ဇာတ်ကောင်တစ်ယောက်တိုင်းမှာSkill ကို၅ဆင့်လောက်ထိမြှင့်တင်နိုင်ပြီးတိုက်ခိုက်ဖျက်ဆီးချေမှုန်းရာမှာပါဝါအစွမ်းတွေကိုကောင်းကောင်းအသုံးချနိုင်ရပါမယ်။အများဆုံးLevel 4 ခုစာအတွက်Sp Gauge တွေကိုထူးခြားတဲ့စွမ်းဆောင်ချက်တွေအတွက်ချသုံးနိုင်ပြီးအကယ်၍တစ်ပြိုက်နက်သုံးလိုက်ပြီဆိုရင်တော့အားကောင်းတဲ့တိုက်ခိုက်မှုတွေဖန်တီးရာမှာရန်သူတွေပါဝင်ယှက်နွယ်လာမှာဖြစ်ပါတယ်။ဒီစွဲမက်စရာကောင်းတဲ့ဂိမ်းကိုကစားချင်ရင်တော့Android OS 2.3နဲ့အထက်ရှိဖို့လိုအပ်ပါတယ်။

မူပိုင်ခွင့်ရှိပြီးသော ကမ္ဘာတစ်ဝှမ်းမှ ဂီတထုတ်ကုန်များရယူနိုင်မည့် mJams Music Application ပြည်တွင်းတွင်မကြာမီမိတ်ဆက်မည်

နိုင်ငံတကာမှ မူပိုင်ခွင့်ရရှိပြီးသော ဂီတထုတ်ကုန်များကို ပြည်တွင်းတွင် တရားဝင်ရရှိနိုင်စေမည့် mJams Music Application နှင့် ၀က်ဘ်ဆိုက်ကို မကြာမီမိတ်ဆက်သွားမည်ဖြစ်ကြောင်း သိရသည်။
            မြန်မာ့မိုဘိုင်းဖုန်းသုံးစွဲသူများအတွက်တစ်ကမ္ဘာလုံးဆိုင်ရာဂီတထုတ်ကုန်များကိုရယူနိုင်မည့် ကမ္ဘာလုံးဆိုင်ရာဂီတအက်ပလီကေးရှင်းကို မြန်မာ့ဈေးကွက်ထဲတွင် ရရှိနိုင်မည်ဖြစ်ပြီှး mJams အနေဖြင့် ကမ္ဘာလုံးဆိုင်ရာဂီတဈေးကွက်များဖြစ်သည့် Universal Music, Warner Music, Sony Music တို့နှင့်လည်း ရေရှည်လက်တွဲသွားမည်ဟု ထုတ်ပြန်ကြေငြာခဲ့သည်။
ကမ္ဘောဒီးယားနိုင်ငံတွင် အထူးအောင်မြင်စွာ လွှင့်တင်ပြီး ရက်သတ္တပတ်တစ်ပတ်အကြာတွင် မြန်မာနိုင်ငံတွင်လည်းလွှင့်တင်ရန် စီစဉ်ခဲ့ခြင်းဖြစ်ပြီး မကြာမီ Google Playstoreမှ ရယူအသုံးပြုနိုင်မည်ဖြစ်သည်။
Universal, Warner နှင့် Sony Music တို့နှင့် mJams ၏ အကျိုးတူပူးပေါင်းမှုမှတစ်ဆင့် တိုက်ရိုက်နားထောင်နိုင်သောအက်ပလီကေးရှင်း၊ CRBT – (Caller Ring Back Tones)၊ သီချင်းအပြည့်အစုံဒေါင်းလုတ်၊ Ringtones၊ ဒီဂျစ်တယ် ဗွီဒီယို၊ IVR (Interactive Voice Response) ဂီတအမျိုးအစားအစုံသို့အပြည့်အဝဝင်ရောက်ခွင့် အစရှိသည့် ၀န်ဆောင်မှုများပါဝင်မည်ဖြစ်သည်။
mJams မှ မြန်မာနိုင်ငံတွင် စတင်ရန် စီစဉ်နေပြီဖြစ်ပြီး အကျိုးတူပူးပေါင်းဆောင်ရွက်မည့် ဒေသခံဂီတထုတ်လုပ်သူများအပြင် မိုဘိုင်းအော်ပရေတာများကိုရှာဖွေလျှက်ရှိသည်။ မြန်မာနိုင်ငံဂီတလုပ်ငန်းမှ ဒေသခံအနုပညာရှင်များနှင့်ထုတ်လုပ်သူများ၏ (IP Laws) ဥာဏထုတ်ကုန်များကိုကာကွယ်စောင့်ရှောက်ပေးမည့်အဓိကကျသောခြေလှမ်းများစတင်ခဲ့ပြီးသည့်နောက်တွင် ပြည်တွင်းသို့ဝင်ရောက်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ စာရင်းပေးသွင်းထားသူများအားနိုင်ငံတကာဂီတအမှတ်တံဆိပ်များဖြစ်သည့် Universal, Warner နှင့် Sony စသည်တို့ ယူဆောင်လာပေးနိုင်ခြင်းနှင့် မိုဘိုင်းအော်ပရေတာပါတနာများအနေဖြင့်  mJamsဂီတပေါ်တယ်, မိုဘိုင်းမှ ဝယ်ယူနိုင်မည့် စတိုးများနှင့် mJams ၏ တိုက်ရိုက်စီးဆင်းသောတိုက်ရိုက်ငွေပေးချေနိုင်သည့် အစီအစဉ်များ ရရှိသွားစေမှာဖြစ်ပါတယ်” ဟု mJams ၏ ဒါရိုက်တာနှင့် စတင်တည်ထောင်သူဖြစ်သည့် ဒေးဗစ်ဗန်ဟာဝါ့ဒ်မှ ပြောသည်။
mJamsပရိုက်ဗိတ်လီမိတက်သည် နိုင်ငံပေါင်း ၂၂ နိုင်ငံတွင် မိုဘိုင်းအော်ပရေတာ ၁၁ ခုနှင့် လုပ်ကိုင်လျှက်ရှိပြီး စာရင်းပေးသွင်းအသုံးပြုသူပေါင်းသန်း ၄၀ ကျော်ရှိသည်။
ကမ္ဘောဒီးယားနိုင်ငံတွင်ရယူအသုံးပြုနေသည့် Application အားလေ့လာလိုပါက-https://play.google.com/store/apps/details?id=com.gd.musiccloud.mjamsနှင့် http://mjamsmusic.com/တွင်သွားရောက်လေ့လာနိုင်မည်ဖြစ်သည်။
                                                                                                               
-----------------
ရဲလင်းလင်းသန်း


·         CRBT – (Caller Ring Back Tones)
·         သီချင်းအပြည့်အစုံဒေါင်းလုတ်
·         Ringtones
·         ဒီဂျစ်တယ် ဗွီဒီယို
·         IVR (Interactive Voice Response)

ဂီတအမျိုးအစားအစုံသို့အပြည့်အဝဝင်ရောက်ခွင့်

Microsoft Cisco အစရှိသောနိုင်ငံတကာအသိအမှတ်ပြုOnline Exam များကိုKMD Online Test Centre တွင်ဖြေဆိုနိုင်

Microsoft Ciscoအစရှိသောနိုင်ငံတကာအသိအမှတ်ပြုProfessional Certificate များရရှိနိုင်ရန်နှင့်Online Exam များဖြေနိုင်ရန်အတွက်Pearson Education ၏အသိအမှတ်ပြုOnline Test Center ကိုပန်းဆိုးတန်းKMD Computer Centre တွင်ဖွင့်လှစ်ထားရှိကြောင်းသိရသည်။Online Exam များဖြေဆိုနိုင်သောPerson Authorized Test Center များကိုရန်ကုန်မြို့နှင့်မန္တလေးမြို့များတွင်Center 8 ခုဖွင့်လှစ်ထားရှိပြီးဖြစ်ပါသည်။KMD သည် Microsoft official Partner အဖြစ်Microsoft Windows Server နှင့်Microsoft database server course များကိုဖွင့်လှစ်သင်ကြားပေးလျက်ရှိပြီးသင်တန်းများပြီးဆုံးပါကOnline Exam များကိုKMD တွင်အထူးဈေးနှုန်းများဖြင့်ဖြေဆိုနိုင်ပြီဖြစ်သည်။ထို့အပြင်Ciscoအသိအမှတ်ပြုစာမေးပွဲများနှင့်အခြားသောOnline Exam များကိုလည်းဖြေဆိုနိုင်အောင်ဝန်ဆောင်မှုများပေးသွားမည်ဖြစ်သည်။အသေးစိတ်သိရှိလိုပါကဖုန်း၀၁-၃၈၁၁၂၉ယ၃၈၁၀၃၅သို့ဆက်သွယ်စုံစမ်းနိုင်ကြောင်းသိရသည်။

---------
ရဲလင်းစိုး

မြန်မာ့ရှေ့ဆောင်ဘဏ်၏ ဘဏ်ခွဲများတွင် ဇူလိုင် ၂၇ ရက်နေ့မှစ၍ Master Travel card စတင်ပြုလုပ်နိုင်

      မြန်မာ့ရှေ့ဆောင်ဘဏ်၏ ဘဏ်ခွဲများတွင် ၂၀၁၅ ဇူလိုင်လ ၂၇ ရက်နေ့မှစပြီး ကြိုတင်ပေးချေစနစ်ဖြင့် အသုံးပြုနိုင်သည့် Master Travel card များစတင်ရရှိနိုင်မည်ဖြစ်ကြောင်းသိရသည်။
မာစတာကတ်ပြုလုပ်ရန် မှတ်ပုံတင်လိုအပ်မည်ဖြစ်ပြီးအနည်းဆုံးအမေရိကန်ဒေါ်လာ ၅၀ မှ ၅၀၀၀ ကြားထည့်သွင်းအသုံးပြုနိုင်မည်ဖြစ်သည်။ Master Travel card ၏တန်ဖိုးမှာကျပ် ၁၂၀၀၀ ဖြစ်ပြီးဇူလိုင်လ ၂၆ ရက် ရွှေဂုံတိုင် Ocean တွင်ပြုလုပ်မည့် Roadshow တွင် မာစတာကတ်လာရောက်ပြုလုပ်သူများအား ၅၀% လျှော့ဈေးကျပ် ၆၀၀၀ ဖြင့် ပြုလုပ်ပေးရန်စီစဉ်ထားပါသည်။
ဇူလိုင် ၂၆ ရက်နေ့ Roadshow တွင် မြန်မာ့ရှေ့ဆောင်ဘဏ်၏ လက်ရှိ Visa အသုံးပြုသူများအားအရေအတွက် ကန့်သတ်ချက်ဖြင့် Powerbankများပေးမည်ဖြစ်ပြီးမာစတာကတ်ပြုလုပ်သူများအားPowerbankလက်ဆောင်ပေးရန် စီစဉ်ထားကြောင်းသိရသည်။ထို့ပြင် ဘန်ကောက် အဲယားဝေးနှင့်ပူးပေါင်းပြီးဘန်ကောက်အသွားအပြန်လက်မှတ် ၃ စုံကိုလည်းမာစတာကတ်ပြုလုပ်သူများအားကံစမ်းမဲဖောက်ပေးသွားမည်ဖြစ်သည်။
အဆိုပါမာစတာကတ်အား နိုင်ငံခြားသို့ အားလပ်ရက်ခရီးသွားသူများ၊ ကျောင်းသူကျောင်းသားများ၊ စီးပွားရေးသမားများနှင့် ဆေးကုသခံယူလိုသောလူကြီးမင်းများအတွက် ရည်ရွယ်ထုတ်လုပ်ထားခြင်းဖြစ်သည်။ ထို့အပြင် လုံခြုံစိတ်ချရမှုအတွက် EMV chip နှင့် အွန်လိုင်းရောင်းဝယ်မှုများအတွက် တစ်ခါသုံး password များကိုအသုံးပြုထားပါသည်။
 မြန်မာ့ရှေ့ဆောင်ဘဏ်မှအုပ်ချုပ်မှုဒါရိုက်တာ ဦးဝင်းမင်းခိုင်က “ မြန်မာနိုင်ငံမှာ ပြည်ပကိုအားလပ်ရက်ခရီးထွက်သူတွေနဲ့ ဈေးဝယ်ထွက်သူတွေများလာတာနဲ့အမျှ မာစတာကတ်ကပိုပြီးအရေးပါလာမှာဖြစ်ပါတယ်။ အခုကမာစတာကတ်နဲ့ မြန်မာ့ရှေ့ဆောင်ဘဏ်ရဲ့ partnership အစလို့ပြောလို့ရပါတယ်။ နောက်ပိုင်းကျရင်လည်း မြန်မာ့ရှေ့ဆောင်ဘဏ်ရဲ့ သုံးစွဲသူတွေအကျိုးရှိစေမယ့် ၀န်ဆောင်မှုနဲ့ product အသစ်တွေကို ပြုလုပ်ပေးသွားမယ်” ဟုပြောသည်။
အသက် ၁၈ နှင့်အထက်မည်သူမဆိုလျှောက်ထားနိုင်မည့် မာစတာကတ်အသုံးပြုရာတွင် ATM မှထုတ်ယူမည်ဆိုပါကတစ်နေ့လျှင် အမေရိကန်ဒေါ်လာ ၅၀၀ ထုတ်ယူနိုင်ပါသည်။ ကတ်အသစ်လဲလှယ်လျှင်မူ ၀န်ဆောင်ခအနေဖြင့် ကျပ် ၁၀၀၀၀ ကျသင့်မည်ဖြစ်သည်။ ATM မှ ငွေထုတ်ယူလျှင် အမေရိကန်ဒေါ်လာ ၅ကျပ်ကို ၀န်ဆောင်ခအဖြစ်ကောက်ခံမည်ဖြစ်ကြောင်းသိရသည်။
မိမိ၏ အသုံးစာရင်းနှင့် လက်ကျန်ငွေ အချက်အလက်များကိုအချိန်နေရာမရွေးအွန်လိုင်းမှ တစ်ဆင့် ကြည့်ရှုနိုင်မည်ဖြစ်ပြီးမာစတာကတ်လက်ခံသောမည်သည့်နိုင်ငံရှိ ATM၊ POS  မဆိုအသုံးပြုနိုင်ပါသည်။
မြန်မာ့ရှေ့ဆောင်ဘဏ်ကို ၂၀၁၀ ခုနှစ် ဇူလိုင်လတွင် စတင်တည်ထောင်ခဲ့ပြီး ၂၀၁၀ ခုနှစ် သြဂုတ်လ ၁၇ ရက်နေ့ နေပြည်တော်တွင် ပထမဆုံးဘဏ်ခွဲကိုစတင်ဖွင့်လှစ်ခဲ့ပါသည်။ ယခုအချိန်ထိဘဏ်ခွဲပေါင်း ၆၀ ကိုဖွင့်လှစ်နိုင်ခဲ့ပြီး ပြည်တွင်းဘဏ်ဝန်ဆောင်မှုသာမက နိုင်ငံတကာ ဘဏ်လုပ်ငန်းဝန်ဆောင်မှုများကိုပါ ပေးအပ်လျှက်ရှိသည်။
မာစတာကတ်သည် ကမ္ဘာ့နိုင်ငံပေါင်း ၂၁၀ ကျော်ရှိစီးပွားရေးအဖွဲ့အစည်းများ၊ ကုန်သည်များ ၊ အစိုးရပိုင်လုပ်ငန်းများ နှင့် ဆက်သွယ်မှုရှိသောကုမ္ပဏီတစ်ခုဖြစ်သည်။

                                                                                                       ရဲလင်းလင်းသန်း

Sony မှ Broadcast & Professional Products Show ကျင်းပပြုလုပ်ခဲ့

Sony မှBroad cast & Professional Products Show ပြပွဲကိုNOVOTEL Hotelတွင် ပြုလုပ်သွားခဲ့ကြောင်းသိရသည်။အဆိုပါပြပွဲတွင်ရုပ်ရှင်ရိုက်ကူးမှုနှင့်ပတ်သက်သည့်Broadcast System Camera များ၊Documentary နှင့်Wedding, Corporate ပွဲများအတွက်ရိုက်ကူးရေးကင်မရာများ၊New Gathering အတွက်ENG & Content Creation Camera များ၊Sony 4K Digital Cine Alta Series ရုပ်ရှင်ရိုက်ကူးရေးကင်မရာများ၊Switcher, Vision Presenter, Video Conferencing, CCTV, Data Projector, Business Projector, 4K 3D home Projector, Education Projector နှင့်Medical Productsများကိုခင်းကျင်း ပြသသွားခဲ့သည်။ထို့အပြင်Sony မှ၎င်းတို့အသစ်ထပ်မံထုတ်လုပ်ထားသည့်4K System HDC-4300 Camera, Broadcast & Content Crater များအသုံးပြုသည့်Shoulder Style (ပခုံးထမ်း) ကင်မရာPXW-X320 နှင့်Documentary, Wedding နှင့်News Gathering များအတွက်ENG & Content Creation Camera HXR-NX 100 တို့ကိုလည်းမိတ်ဆက်ပြသသွားခဲ့သည်။ယင်းပြပွဲကိုTMW Enterprise Ltd နှင့်Sony South East Asia တို့မှပူးပေါင်းကျင်းပခြင်းဖြစ်ကာSony 4K နှင့်Super 35” Exmor” CMOS Sensor Camera များဖြစ်သည့်PXW-FS7 XDCAM ကိုလည်း ပြပွဲရက်အတွင်းအထူးဈေးနှုန်းများဖြင့်ရောင်းချပေးသွားခဲ့ကြောင်းသိရသည်။

ရဲလင်းစိုး

Wednesday, July 29, 2015

AOTO P9007


Network -
GSM/WCDMA

Screen - 5inches

Memory - up to 32GB

Bluetooth - Yes

Camera - 5MP

OS - Android OS

Contact - 09-450050986

Price - 169,000 Ks

AOTO တံဆိပ်ဟန်းဆက်များကိုရန်ကုန်၊မန္တလေးမြို့ကြီးများ၏အရောင်းဆိုင်အတော်များများတွင် တွေ့မြင်နိုင်ပြီးသုံးစွဲသူများနှင့်ကာလတစ်ခုအထိရင်းနှီးကျွမ်းဝင်ခဲ့ပြီဖြစ်ပါတယ်။ ဈေးနှုန်းချိုသာပြီးအရည်အသွေး ကောင်းမွန်သည့်ဟန်းဆက်များကိုလူတန်းစားမျိုးစုံလွယ်ကူစွာရွေးချယ်ဝယ်ယူနိုင်စေဖို့ထုတ်လုပ်ရောင်းချပေးထားကြပါတယ်။AOTO ရဲ့အချို့ဟန်းဆက်တွေဟာ မော်ဒယ်နံပါတ်ကွဲပြားပေမယ့်အရည်အသွေးများကတော့အချို့နေရာများတွင်တူညီကြပါတယ်။ ဈေှးနှုန်းသင့်တင့်ပြီးသုံးစွဲလို့အဆင်ပြေစေမယ့်အရည်အသွေးကောင်းမွန်သည့်AOTO ရဲ့ဟန်းဆက်တစ်လုံးကတော့P9007 ဖြစ်ပါတယ်။P9007ရဲ့ဒီဇိုင်းဟာ လေးထောင့်ကျတဲ့အသွင်သဏ္ဌာန်ရှိပါတယ်။Power Button နဲ့အသံအတိုးအကျယ်ခလုတ်ဟာဖုန်းရဲ့ဘေးဘက်တွင်အထက်အောက်တည်ရှိပါတယ်။သုံးစွဲနိုင်မယ့်Network အထောက်အပံ့ကတော့GSM နဲ့WCDMA ဖြစ်ပါတယ်။ဖုန်းရဲ့မျက်နှာပြင်အကျယ်အ၀န်းက5 inches ရှိခြင်းကြောင့်ဖုန်းကိုအသုံးပြုတဲ့အခါတွင် မြင်ကွင်းပိုင်းနဲ့ပတ်သက်၍အဆင်ပြေစေပါလိမ့်မယ်။အဓိကကင်မရာဟာ5MP စွမ်းရည်ရှိပြီး၊Flash စနစ်နဲ့တွဲဖက်သုံးစွဲနိုင်မှာဖြစ်ကာအပျော်တမ်းဓာတ်ပုံများကိုရိုက်ကူးနိုင်ပါလိမ့်မယ်။အရှေ့ဘက်တွင်တပ်ဆင်ပေးထားသောကင်မရာ၏စွမ်းရည်ကတော့2MP ဖြစ်ပါတယ်။Wifi, GPS စနစ်များကိုသုံးစွဲနိုင်မှာဖြစ်ပြီး၊Sensor စနစ်များဖြစ်သောLight Sensor, Gravity Sensor နဲ့Proximity Sensor တို့ကိုလည်းထည့်သွင်းပေးထားပါတယ်။အခြားစနစ်များဖြစ်သောWAV, MP3, MIDI, AAC, APE, MP2, AMR, FLAC, Oggvorbis စသည်တို့လည်းပါရှိပါတယ်။မှတ်ဥာဏ်ပမာဏအပိုင်းတွင်RAM ကို512MB ထည့်သွင်းပေးထားပြီး၊ROM ကတော့4GB ပါရှိပါတယ်။အချက်အလက်အများအပြားသိမ်းဆည်းချင်သူများအတွက်လည်းမှတ်ဥာဏ်ပမာဏကိုချဲ့ထွင်အသုံးပြုနိုင်ပါမယ်။CPU ရဲ့စွမ်းရည်ကတော့Quad Core 1.2GHz ဖြစ်ပြီး၊အာမခံသက်တမ်းအနေဖြင့်တစ်နှစ်ပေးထားပါတယ်။

Ads တွင် ကြော်ငြာသူများထဲမှ ရွေးချယ်ပြီး ငွေကျပ်၂၀၀၀၀ ချီးမြင့်မည်

အွန်လိုင်းအခမဲ့ကြော်ငြာဝက်ဘ်ဆိုက်တစ်ခုဖြစ်သည့်  ads.com.mm မှ ၀က်ဘ်ဆိုက်တွင် အရောင်းအ၀ယ် ဖြစ်သည့် သူများအတွက် လစဉ် ကံစမ်းမဲ အစီအစဉ်များ ကိုပြုလုပ်ပြီး ငွေကျပ် ၂၀၀၀၀ စီချီးမြင့်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ပါသည်။
Ads.com.mm မှယင်းဝက်ဘ်ဆိုက် ၏ Country Manager ဖြစ်သူ Mr.Nico Poma မှ “ ကျွန်တော်တို့ မြန်မာပြည်ကအွန်လိုင်းအသုံးပြုနေတဲ့ လူတွေကို ကိုယ့်လက်ထဲ ၊ ကိုယ့် အိမ်ထဲမှာ ရှိတဲ့  တပါတ်ရစ်ပစ္စည်းနဲ့  တဘက်တလမ်းကနေ ၀င်ငွေရှာဖွေနိုင်မည့်နည်းလမ်းကိုပေးလိုက်တာပါ။ကျွန်တော်တို့  ၀က်ဘ်ဆိုက်ကိုအသုံးပြုပြီး ရောင်းထွက်အောင်  အကောင်းဆုံးရောင်းချသူတွေအတွက် ဒီလကစတင်ပြီး တပါတ်အတွင်း အကောင်းဆုံးရောင်းချသူကို  ဆုငွေနှစ်သောင်းကျပ်ကိုအပါတ်စဉ်  ရွေးချယ်ပေးအပ်သွားမှာပါ ။ဒီအစီအစဉ်မှာ  အိမ်ရှင်မတွေရော၊ တပါတ်ရစ် ပစ္စည်းရောင်းချလာသူတွေအတွက် ပိုမိုများပြားလာပြီး  အခမဲ့ကြော်ငြာဝက်ဘ်ဆိုက်ကိုကောင်းမွန်စွာ အသုံးပြုလာစေဖို့ ဒီ Campaign ကိုပြုလုပ်တာဖြစ်ပါတယ်” ဟုပြောသည်။
“ကျွန်တော်တို့ Campaign မှာ ပုံမှန်အတိုင်း ကြော်ငြာတင်တဲ့ သဘောမျိုးဘဲ ကိုယ်ရောင်းချလိုတဲ့ ပစ္စည်းကို ဓါတ်ပုံရိုက်ပြီး ၊ ပစ္စည်းရဲ့အချက်အလက်တွေကိုအသေးစိတ် ရေးသားပြီး ကြော်ငြာနိုင်ပါတယ်။ဈေးနူန်းက ရောင်းသူနှင့် ၀ယ်သူတိုက်ရိုက်တွေ့ ဆုံပြီး ကျေနပ်မူရှိသည်အထိ ကြော်ငြာပေးသွားမှာ ဖြစ်ပါတယ်။ အကောင်းဆုံးကြော်ငြာရှင်တွေထဲကမှ စည်းကမ်းနဲ့ ကိုက်ညီတဲ့ ကြော်ငြာသူကို အပါတ်စဉ်ရွေးချယ်သွားမှာဖြစ်ပါတယ် ။ ဟု Head Of marketing ဖြစ်သူ ကိုသိန်းသန်းထိုက်မှ ပြောသည်။
Ads.com.mm သည် မြန်မာပြည်၏    နံပါတ်(၁) အခမဲ့ကစုံကြော်ငြာ ၀က်ဘ်ဆိုက်တစ်ခုဖြစ်သည်။ ယင်းဝက်ဘ်ဆိုက်တွင် အိမ်ခြံမြေ ၊ကား ၊အလုပ်အကိုင်မှ စသောအမျိုးအစားစုံလင်သော ပစ္စည်းများ ၀န်ဆောင်မူများကို  ယင်းဝက်ဘ်ဆိုက်တွင်  အခမဲ့ကြော်ငြာတင်၍ရောင်းချနိုင်သည်။ ၀န်ဆောင်ခများ၊ပွဲစားများမလိုအပ်သည့်အတွက်  ရောင်းဝယ်မှုမှ ရရှိလာသော   အကျိုးအမြတ်ကို အပြည့်အ၀ ခံစားရရှိနိုင်မည်ဖြစ်သည်။
ရဲလင်းလင်းသန်း






Acer Product ၀ယ်ယူထားသူတိုင်းAcer Liquid Z200 ကိုဈေးနှုန်းသက်သာစွာဖြင့်ဝယ်ယူနိုင်

Acer Product များဖြစ်သည့် (Notebook, Desktop, Monitor, Projector, Smart Phone)တို့ကိုဝယ်ယူထားသောCustomer များသည်ဘောက်ချာပြ၍Acer Liquid Z200 ကို (49,900) ကျပ်ဖြင့်ဝယ်ယူရရှိနိုင်ကြောင်းသိရသည်။ဝယ်ယူလိုသူများသည်Acer Authorized Service Center များတည်ရှိရာရန်ကုန်မြို့ရှိလမ်းမတော်မြို့နယ်နှင့်ကျောက်တံတားမြို့နယ်တို့တွင်လည်းကောင်း၊မန္တလေးမြို့ရှိချမ်းအေးသာဇံမြို့နယ်၊ပျဉ်းမနားမြို့ရှိဗိုလ်ချုပ်လမ်းမကြီး (၈) လမ်းနှင့် (၉) လမ်းကြားတွင်လည်းကောင်းဝယ်ယူရရှိနိုင်ပါသည်။ဘောက်ချာမရှိသူများသည်လည်းသတ်မှတ်ထားသောAcer Product တစ်ခုခုကိုပြသ၍၀ယ်ယူနိုင်ကာထိုအစီအစဉ်ကိုသြဂုတ်လ၁ရက်နေ့မှ၃၁ရက်နေ့အထိ ပြုလုပ်ထားကြောင်းသိရသည်။

ရဲလင်းစိုး

LG Bello II


Network                  -         GSM/HSPA
CPU                       -         Quad Core 1.3 GHz
Memory                  -         8GB, up to 32GB
OS                         -         Android OS, v5.1.1
Bluetooth                -         v4.0
          ပြည်တွင်းဈေးကွက်အတွက်ရောင်းချပေးထားသောLG ရဲ့ဟန်းဆက်ကတော့L Bello ဖြစ်ပြီး၊အခုအသစ်ထပ်မံမိတ်ဆက်လိုက်သောဟန်းဆက်ကတော့Bello IIပါ။ဖုန်းအမျိုးအစားတူညီပေမယ့်ဖုန်းနာမည်နဲ့မော်ဒယ်နံပါတ်များဟာတစ်ခါတလေမှာနေရာဒေသပေါ်မူတည်၍ခေါ်ဆိုမှုကွဲလွဲတတ်ကြပါတယ်။အထူးသဖြင့်အလယ်အလတ်တန်းစားSamsungဖုန်းများဆိုရင်မော်ဒယ်တစ်ခုတည်းပေမယ့်အမည်နာမအနည်းငယ်ကွဲပြားခေါ်ဆိုတတ်ကြပါတယ်။အချို့တွေကဟန်းဆက်နာမည်ကိုမူရင်းအတိုင်းသိထားကြပေမယ့်တစ်ခါတလေမှာဟန်းဆက်နာမည်နောက်ဘက်တွင်Plus (သို့)+ များပါရှိတတ်ကြပါတယ်။LG ရဲ့ယခုဟန်းဆက်ဟာလည်းBrazil နှင့်Chile တို့တွင်LG Prime IIအဖြစ်သိထားပါတယ်။Mexico, India နှင့်CIS တို့တွင်LG Max အဖြစ်သိထားပါတယ်။Bello II ဟာ140.8x71.6x9.6mm အရွယ်အစားရှိပြီး၊အလေးချိန်ကတော့155g ဖြစ်ပါတယ်။ဆင်းကတ်နှစ်ကတ်ထည့်သွင်းအသုံးပြုနိုင်မယ့်ဖုန်းအမျိုးအစားဖြစ်ပါတယ်။IPS LCD capacitive touchscreen ရဲ့အကျယ်အ၀န်းပမာဏကတော့5 inches ပါ။ မြင်ကွင်းစွမ်းရည်အတွက်ထောက်ပံ့ပေးထားသောpixelsပမာဏကတော့480x854 ဖြစ်ပြီး၊တစ်လက်မမှာရှိမယ့်pixel ပမာဏသိပ်သည်းဆကတော့196ppi ပါ။Multitouchစနစ်တွင်LG UI 4.0 ကိုသုံးစွဲနိုင်ပါမယ်။အဓိကကင်မရာဟာ8MP စွမ်းရည်ရှိပြီး၊ရှေ့ကင်မရာငယ်ကတော့5MP စွမ်းရည်ဖြစ်ပါတယ်။ဒါကြောင့်လှပသည့်Selfieပုံများကိုရိုက်ကူးနိုင်ပါမယ်။ဗီဒီယိုရိုက်ကူးနိုင်မယ့်စွမ်းရည်ကတော့1080p ဖြစ်ပြီး၊နှုန်းကတော့တစ်စက္ကန့်ကို30frames ပါ။မှတ်ဥာဏ်ပမာဏအပိုင်းတွင်RAM ကို1GB ထည့်သွင်းပေးထားပြီး၊Internal Storage သည်8GB ပါရှိပါမယ်။CPU စွမ်းရည်ကတော့Quad Core 1.3GHz ဖြစ်ပါတယ်။အားသွင်းအသုံးပြုနိုင်မယ့်ဘက်ထရီအမျိုးအစားမှာLi-Ion 2540mAh ဖြစ်ပြီး၊ဖုန်းကိုအရောင်သုံးမျိုးဖြင့်ထုတ်လုပ်မှာ ဖြစ်ပါတယ်။

Apple က မော်တော်ကားကုမ္ပဏီ Fiat Chrysler မှ ဒုတိယဥက္ကဌဟောင်းကိုငှားရမ်း



Apple က မော်တော်ကားများထုတ်လုပ်ရောင်းချမယ့် သဲလွန်စသတင်းအချက်အလက်များထွက်ပေါ်လာပြန်ပါတယ်။ Fiat Chrysler Automobiles (FCA) မှ ယခင် ဒုတိယဥက္ကဌဟောင်း Doug Betts ကို Apple က ငှားရမ်းလိုက်ကြောင်း The Wall Street Journal က ရေးသားထားပါတယ်။ Apple က ပြီးခဲ့တဲ့ လအနည်းငယ်အတွင်းတွင် မော်တော်ကားနယ်ပယ်မှ လူများစွာကိုငှားရမ်းခဲ့ပါတယ်။ ဖေဖော်ဝါရီလတွင် Tesla, Ford , Mercedes-Benz မှ ၀န်ထမ်းများအပါအ၀င် လူတစ်ထောင်ပါတဲ့ အဖွဲ့တစ်ခုကိုဖွဲ့စည်းပြီး Project Titan လို့ လျှို့ဝှက်အမည်ပေးထားတဲ့ မော်တော်ကားထုတ်လုပ်မယ့် စီမံကိန်းကို ပြုလုပ်နေတယ်လို့ သတင်းထွက်ပေါ်ခဲ့ပါတယ်။ မော်တော်ကားဘက်ထရီများထုတ်လုပ်တဲ့ A123 Systems က သူ့ရဲ့ ၀န်ထမ်းများကို ဖျားယောင်းသွေးဆောင်မှုနဲ့ Apple ကိုတရားစွဲခဲ့ပါသေးတယ်။ Betts ဟာ Fiat Chrysler Autombilesမှာ ၂၀၀၇ ခုနှစ်ကနေ ၂၀၁၄ ခုနှစ် အောက်တိုဘာလအထိအလုပ်လုပ်ခဲ့ပါတယ်။ FCA မတိုင်မီမှာ Betts ဟာ Toyota နဲ့ Nissan တို့မှာအလုပ်လုပ်ခဲ့ဖူးပါတယ်။ 

တယ်လီနောမြန်မာ၏ အသုံးပြုသူတစ်ဦးထံမှတစ်လလျှင်ပျမ်းမျှ ကျပ် ၅၇၀၀ နီးပါးရရှိနေ

တယ်လီနောမြန်မာဆင်းကတ်အားဇွန်လကုန်အထိအသုံးပြုသူ ၉.၅ သန်းနီးပါးရှိနေပြီဖြစ်ပြီးအသုံးပြုသူတစ်ဦးလျှင် တစ်လပျမ်းမျှ ကျပ် ၅၇၀၀ နီးပါးရရှိနေကြောင်းတယ်လီနောမြန်မာ၏ သတင်းထုတ်ပြန်ချက်အရသိရသည်။
တယ်လီနောမြန်မာ၏ CEO PetterFurberg က “ စပြီးမိတ်ဆက်တာကနေအခု ၂၀၁၅ ဧပြီလအထိအသုံးပြုသူ ၆.၄ သန်းရရှိခဲ့ပြီးဇွန်လကုန်ကိုတော့ တယ်လီနောဆင်းကတ်သုံးတဲ့သူ ၉.၅ သန်းဖြစ်လာခဲ့တယ်။ စစချင်းတုန်းကတစ်ဦးချင်းဆီကရတဲ့ ၀င်ငွေများခဲ့ပေမယ့် အခုလက်ရှိမှာတော့ တစ်ဦးချင်းတစ်လပျမ်းမျှအသုံးပြုနှုန်းက ၅၇၀၀ ကျပ်ကိုကျသွားတယ်” ဟုပြောသည်။
တယ်လီနောကစလုပ်တည်းက ရလာတဲ့ဝင်ငွေကို ရင်းနှီးမြှုပ်နှံမှုထပ်တလဲလဲ ပြန်လုပ်နေရတာကြောင့် အခုချိန်ထိအကျိုးအမြတ်ကိုတစ်ခြားတယ်လီနောရဲ့ လုပ်ငန်းတူတွေကို ခွဲဝေပေးတာမျိုးမရှိသေးပါဘူး။ အစိုးရကိုလည်းအမေရိကန်ဒေါ်လာ သန်း၅၀၀ နီးပါးရင်းနှီးမြှုပ်နှံထားပါသေးတယ်။ လိုင်စင်ကြေးနဲ့ အခွန်အခတွေကိုလည်းပုံမှန်ပေးဆောင်ပါတယ်။ အခုနောက်ပိုင်းအသုံးများလာတဲ့ အင်တာနက်လိုင်းကောင်းမွန်ဖို့ 3G စနစ်မှာလိုအပ်တဲ့spectrumအတွက်နဂိုရှိနေတဲ့ 5Mhz ရဲ့ ၂ဆ 10 Mhzကိုအမေရိကန်ဒေါ်လာ ၇၅ သန်းနဲ့ အစိုးရဆီကထပ်မံ ၀ယ်ယူဖို့လည်း စီစဉ်နေပါတယ်” ဟုတယ်လီနော CEO ကဆိုပါသည်။
လိုင်းအင်အားတိုးချဲ့မှုအတွက် spectrum ၀ယ်ယူမှုအစီအစဉ်မှာ လုပ်ဆောင်ဆဲဖြစ်ပြီးတာဝါတိုင်များကိုလည်း ဆက်လက်တိုးချဲ့နေကြောင်းသိရသည်။ တစ်နိုင်ငံလုံးတွင်လက်ရှိ တာဝါတိုင် ၂၃၀၀ နီးပါးရှိပြီး ၂၀၁၅ နှစ်ကုန်တွင် တာဝါတိုင် ၃၅၀၀ မှ ၄၀၀၀ ကြားရည်မှန်းတည်ဆောက်နေကြောင်းသိရသည်။
၂၀၁၅ ဇွန်လကုန်အထိ ပထ၀ီအနေအထား၏ ၅၀% နီးပါးကို နက်ဝေါ့လွှမ်းခြုံထားပြီးဖြစ်ကာလာမည့် ၅ နှစ်အတွင်းတိုင်းပြည်၏ ၉၀% နီးပါးကို နက်ဝေါ့ရရှိစေရမည်ဟုတယ်လီနောမှ ကတိပြုထားပါသည်။ ပြည်တွင်းတွင် နက်ဝေါ့ကောင်းမွန်စွာရရှိနိုင်ရန်အတွက် တာဝါတိုင် ၈၀၀၀ နီးပါးလိုအပ်မည်ဖြစ်ကြောင်းတယ်လီနောမှ ခန့်မှန်းထားပါသည်။

-----------------
ရဲလင်းလင်းသန်း


Newer Posts Older Posts Home