Thursday, July 30, 2015

Korea Expo 2015 ပြပွဲကျင်းပမည်


Korea Expo 2015 ပြပွဲနှင့်ပတ်သက်၍သတင်းစာရှင်းလင်းပွဲကိုဇူလိုင်လ၁၈ရက်နေ့ကMy Garden Restaurantတွင်ပြုလုပ်ခဲ့ကြောင်းသိရသည်။အဆိုပါပြပွဲကိုဇူလိုင်လ၃၀ရက်နေ့မှသြဂုတ်လ၂ရက်နေ့အထိတပ်မတော်ခန်းမတွင်ကျင်းပသွားမည်ဖြစ်ကာSamsung, Hanwha, The Power of Surprise တို့မှMain Sponsor အဖြစ်ပံ့ပိုးကူညီပေးသွားမှာဖြစ်သည်။၎င်းပြပွဲ၌Samsung ၏၂၀၁၅ထုတ်Product များကိုဈေးနှုန်းချိုသာစွာဖြင့်ဝယ်ယူရရှိနိုင်ကြောင်းသိရသည်။ထို့အပြင်ကိုရီးယားနိုင်ငံထုတ်အလှကုန်ပစ္စည်းများ၊အချိုရည်များ၊မော်တော်ကားများ၊၎င်းနှင့်ဆက်စပ်ပစ္စည်းများကိုစုံလင်စွာခင်းကျင်းပြသသွားမှာဖြစ်ကာထူးခြားမှုအစီအစဉ်တစ်ရပ်အနေဖြင့်ကိုရီးယားစားသောက်ဖွယ်ရာများကိုစကားပြန်ဖြင့်တင်ဆက်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။

--------
ရဲလင်းစိုး

Newer Post Older Post Home

0 comments:

Post a Comment