Saturday, July 25, 2015

Yahoo Mail တွင် ဓါတ်ပုံ၊ ဗီဒီယိုနှင့် GIFs များထည့်သွင်းရန် လွယ်ကူလာ

Yahoo က အီးမေးများတွင် ဓါတ်ပုံများ၊ ဗီဒီယိုများနဲ့ GIFs များကို လျှင်မြန်စွာထည့်သွင်းပေးမယ့် စွမ်းဆောင်ချက်အသစ်တစ်ခုကိုမိတ်ဆက်လိုက်ပါတယ်။ Compose Window ရဲ့ ညာဘက်အောက်ခြေမှာတည်ရှိတဲ့ Plus Button အသစ်ကို နှိပ်လျှင် သင့်ရဲ့ Photo Albums များ၊ ဖိုင်များ၊ လင့်များနဲ့ အခြားအရာများစွာကိုထည့်သွင်းနိုင်မှာ ဖြစ်ပါတယ်။ ခလုတ်ကို နှိပ်လျှင် ညာဘက်ဝင်းဒိုးတွင် ဓါတ်ပုံများ၊ ဖိုင်များ၊ လင့်များနဲ့ GIFs များဟူ၍ ကဏ္ဍလေးခုဖြင့် ခွဲခြားပြသမှာ ဖြစ်ပါတယ်။ Yahoo Mail မှ ပေးပို့ရယူတဲ့ ဓါတ်ပုံများကိုရက်စွဲအလိုက် ကြည့်ရှုနိုင်သလို ၀က်ဆိုက်များနဲ့ Flickr မှ ဓါတ်ပုံများကိုရှာဖွေနိုင်ပါတယ်။ ဖိုင်များထဲတွင် သင် ပေးပို့ရယူထားတဲ့ Documents, Presentations, PDFs များပါရှိပါတယ်။ Keyword or Person Name များကိုအသုံးပြု၍ ဖိုင်များကိုရှာဖွေနိုင်ပါတယ်။ ဓါတ်ပုံများပေါ်တွင် Mouse Cursor တင်ထားလျှင် Preview ပြသပေးမှာ ဖြစ်ပါတယ်။

Newer Post Older Post Home

0 comments:

Post a Comment