Saturday, July 25, 2015

Amazon ရဲ့ Fling က မိုဘိုင်းကိရိယာများမှ မီဒီယာများကို Fire TV သို့ ထုတ်လွှင့်ပေးနိုင်

Google Chromecast နဲ့ Apple TV တို့လိုအင်တာနက်မှ မီဒီယာများကိုတီဗီသို့ ထုတ်လွှင့်ပေးနိုင်တဲ့ ကိရိယာတစ်ခုကို Amazon က တီထွင်လိုက်ပါတယ်။ Fling လို့ အမည်ပေးထားပြီး Developer များက Amazon Set-Top Box မှာသူတို့ရဲ့ မီဒီယာများကို မျှဝေနိုင်တဲ့ စွမ်းရည်ကိုသူတို့ရဲ့ App များမှာထည့်သွင်းနိုင်မယ့် Toolkit ဖြစ်ပါတယ်။ 
Fling ဟာ Software Toolkit ဖြစ်ပြီး Android, iOS, FireOS Apps များမှ ဓါတ်ပုံ၊ ဗီဒီယို၊ သီချင်းများကို Amazon Fire TV Set-Top Box ထံသို့ ထုတ်လွှင့်ပေးမှာ ဖြစ်ပါတယ်။ Set-Top Box က မီဒီယာများကိုတီဗီတွင် ပြသပေးမှာ ဖြစ်ပါတယ်။
Amazon ရဲ့ အဆိုအရစမတ်ဖုန်း၊ တက်ဘလက်များတွင် Fling ကိုထောက်ပံ့တဲ့ Apps များကိုဖွင့်လျှင် Fling Icon ကိုတွေ့ရမှာ ဖြစ်ပါတယ်။ အိုင်ကွန်ကို နှိပ်လျှင် မီဒီယာများကို Amazon Fire TV သို့ ထုတ်လွှင့်ပေးမှာ ဖြစ်ပါတယ်။ အသုံးပြုသူက iPhone ရှိ App တစ်ခုမှာရုပ်ရှင်တစ်ကားကို ကြည့်နေရင်းကနေမျက်နှာပြင်ကြီးကြီးမှာ ကြည့်ချင်တယ်ဆိုရင် Fling Icon ကို နှိပ်လိုက်တာနဲ့ ကြိုးမဲ့ ချိတ်ဆက်ထားတဲ့ တီဗီမှာ ပြသပေးမှာ ဖြစ်ပါတယ်။
Amazon ရဲ့ Fire TV Set-Top Box မှာဂိမ်းကစားတာကနေရုပ်ရှင်ကြည့်တာအဆုံးအရာအားလုံးကို ပြုလုပ်နိုင်တဲ့ Apps များစွာပါရှိပါတယ်။ ၉၉ ဒေါ်လာတန် Set-Top Box ဟာ Apple TV, Rokuတို့ အပါအ၀င် အခြား Set-Top Box များနဲ့ ဆင်တူပါတယ်။ နာမည်ကြီးဗီဒီယိုထုတ်လွှင့်တဲ့ ၀န်ဆောင်မှုများဖြစ်တဲ့ Netflix, HBO Go တို့လည်းပါရှိပါတယ်။

Newer Post Older Post Home

0 comments:

Post a Comment