Wednesday, July 29, 2015

အမြင်အာရုံမကောင်းသူကို Bionic Eye တပ်ဆင်ပေး

ဗြိတိန်ရှိအသက် ၈၀ အရွယ် အဖိုးအို Ray Flynn ကို Bionic Eye အောင်မြင်စွာတပ်ဆင်ပေးနိုင်ခဲ့တယ်လို့ BBC က ရေးသားထားပါတယ်။ Bionic Eye သည် Electro-Mechnicalအစိတ်အပိုင်းဖြစ်ပြီးလူသားရဲ့ မျက်လုံးနေရာတွင် အစားထိုးထည့်သွင်းခြင်း ဖြစ်ပါတယ်။ မန်ချက်စတာရှိဆေးပညာရှင်များက Flynn တွင် Second Sight မှ တီထွင်တဲ့ Argus II လို့ အမည်ပေးထားတဲ့ Bionic Eye တစ်ခုကိုအောင်မြင်စွာခွဲစိပ်ထည့်သွင်းနိုင်ခဲ့ပါတယ်။ Flynn ဟာ အမြင်အာရုံမှုန်ဝါးခြင်းကို ဖြစ်စေတဲ့ အမြင်အာရုံစုစည်းလို့ မရတဲ့ ရောဂါဖြစ်တဲ့ Age-Related Macular Degeneration (AMD) ကိုခံစားနေတာ ဖြစ်ပါတယ်။ Bionic Eye ဟာကင်မရာတစ်ခုပါပြီးအထူးပြုလုပ်ထားတဲ့ မျက်မှန်တစ်ခုနဲ့ တွဲဖက် အလုပ်လုပ်တာ ဖြစ်ပါတယ်။ ဗီဒီယိုကင်မရာကပုံရိပ်များကိုဖမ်းယူပြီး လျှပ်စစ်လှိုင်းများအဖြစ် ပြောင်းလဲပေးပါတယ်။ အဲဒီနောက်မှာ Bionic Eye နဲ့ ချိတ်ဆက်ထားတဲ့ Electrodes များထံသို့ ကြိုးမဲ့ ပေးပို့ပေးပါတယ်။ Flynn ဟာ Bionic Eye တပ်ဆင်တဲ့ ပထမဆုံးလူနာမဟုတ်ပါဘူး။ ယခုနှစ်အစောပိုင်းမှာအသက် ၆၈ နှစ်အရွယ် Allen Zderadဟာလည်း AMD ဝေဒနာကြောင့် Bionic Eye ကိုထည့်သွင်းခဲ့ရပါတယ်။ BBC ရဲ့ အဆိုအရ ဗြိတိန်ရှိလူငါးသိန်းဟာ AMD ရောဂါကိုခံစားနေရပြီးအမေရိကန်ရှိလူ ၁၁ သန်းမှာဒီရောဂါရှိနေပါတယ်။ “ အမြင်အာရုံဆုံးရှုံးနေတဲ့ လူနာတွေအတွက်တော့ ဒါဟာသမိုင်းစာမျက်နှာအသစ် ဖွင့်လှစ်နိုင်ခဲ့တာလို့ ကျွန်တော်ထင်ပါတယ်။ “ လို့ လေးနာရီကြာခွဲစိပ်မှုကိုဦးဆောင်ခဲ့တဲ့ ဆရာဝန် Paulo Stango က ပြောပါတယ်။


Newer Post Older Post Home

0 comments:

Post a Comment