Saturday, July 25, 2015

Samsung က 11K Phone Display ကိုတီထွင်နေ

Samsung က တစ်လက်မလျှင် Pixel သိပ်သည်းဆ ၂၂၅၀ ပါရှိတဲ့ 11K “ Super-Resolution” Display ကိုတီထွင်နေတယ်လို့ သတင်းများထွက်ပေါ်နေပါတယ်။ 16:9 Aspect Ratio ပေါ် အခြေခံထားတဲ့ 11K Display ဟာ ၅.၇၄ လက်မရှိပြီး Resolution မှာ 11264x6336 ဖြစ်ပါတယ်။ မျက်နှာပြင်ဟာ 3D များကို ပြသပေးနိုင်ပြီး 3D Glass များတပ်ဆင်ဖို့တောင် မလိုအပ်ဘူးလို့ သိရပါတယ်။ Samsung က ဇွန်လ ၁ ရက်နေ့မှာတီထွင်မှုကိုစတင်ခဲ့တာဖြစ်ပြီးအခြားအဖွဲ့အစည်းများနဲ့ ပူးပေါင်း၍ စီမံကိန်းကို ပြုလုပ်နေတာဖြစ်ပါတယ်။ အဖွဲ့အစည်းများထဲမှာ ၂၆.၅ သန်းရင်းနှီးမြှပ်နှံထားတဲ့ တောင်ကိုရီးယားအစိုးရနဲ့ အခြားကုမ္ပဏီ ၁၃ ခုပါရှိပါတယ်။ Samsung က နမူနာမျက်နှာပြင်ကို ၂၀၁၈ ခုနှစ်တွင် ကျင်းပမယ့် Pyeongchang Winter Olympics မှာ ပြသဖို့ မျှော်လင့်နေပါတယ်။ လက်ရှိအချိန်မှာ Full HD (1080p) နဲ့ QuadHD (1440p) စမတ်ဖုန်းမျက်နှာပြင်များကိုစွမ်းဆောင်ရည်မြင့် စမတ်ဖုန်းများမှာထည့်သွင်းရောင်းချနေကြပါတယ်။

Newer Post Home

0 comments:

Post a Comment