Wednesday, July 29, 2015

Apple က မော်တော်ကားကုမ္ပဏီ Fiat Chrysler မှ ဒုတိယဥက္ကဌဟောင်းကိုငှားရမ်း



Apple က မော်တော်ကားများထုတ်လုပ်ရောင်းချမယ့် သဲလွန်စသတင်းအချက်အလက်များထွက်ပေါ်လာပြန်ပါတယ်။ Fiat Chrysler Automobiles (FCA) မှ ယခင် ဒုတိယဥက္ကဌဟောင်း Doug Betts ကို Apple က ငှားရမ်းလိုက်ကြောင်း The Wall Street Journal က ရေးသားထားပါတယ်။ Apple က ပြီးခဲ့တဲ့ လအနည်းငယ်အတွင်းတွင် မော်တော်ကားနယ်ပယ်မှ လူများစွာကိုငှားရမ်းခဲ့ပါတယ်။ ဖေဖော်ဝါရီလတွင် Tesla, Ford , Mercedes-Benz မှ ၀န်ထမ်းများအပါအ၀င် လူတစ်ထောင်ပါတဲ့ အဖွဲ့တစ်ခုကိုဖွဲ့စည်းပြီး Project Titan လို့ လျှို့ဝှက်အမည်ပေးထားတဲ့ မော်တော်ကားထုတ်လုပ်မယ့် စီမံကိန်းကို ပြုလုပ်နေတယ်လို့ သတင်းထွက်ပေါ်ခဲ့ပါတယ်။ မော်တော်ကားဘက်ထရီများထုတ်လုပ်တဲ့ A123 Systems က သူ့ရဲ့ ၀န်ထမ်းများကို ဖျားယောင်းသွေးဆောင်မှုနဲ့ Apple ကိုတရားစွဲခဲ့ပါသေးတယ်။ Betts ဟာ Fiat Chrysler Autombilesမှာ ၂၀၀၇ ခုနှစ်ကနေ ၂၀၁၄ ခုနှစ် အောက်တိုဘာလအထိအလုပ်လုပ်ခဲ့ပါတယ်။ FCA မတိုင်မီမှာ Betts ဟာ Toyota နဲ့ Nissan တို့မှာအလုပ်လုပ်ခဲ့ဖူးပါတယ်။ 

Newer Post Older Post Home

0 comments:

Post a Comment