Friday, July 31, 2015

Sony က စီးပွားရေးလုပ်ငန်းများအတွက် Drone ၀န်ဆောင်မှုကို ပြုလုပ်မည်



Sony က အလိုအလျှောက်မောင်းနှင်တဲ့ Drone ယာဉ်ပျံငယ်လေးများကိုတီထွင်မှာ ဖြစ်ပါတယ်။ Sony က ဂျပန် ကုမ္ပဏီတစ်ခု ဖြစ်တဲ့ ZMP နဲ့ ပူးပေါင်းပြီး Sony တံဆိပ်တပ် မောင်းသူမဲ့ Drone ယာဉ်ပျံငယ်လေးများကိုဖန်တီးမှာ ဖြစ်ပါတယ်။ Sony ရဲ့ ရည်ရွယ်ချက်ကစီးပွားရေးလုပ်ငန်းများအတွက် ဝေဟင်နဲ့ မြေပြင်ရှိသတင်းအချက်အလက်များကို Drone များနဲ့ ကောက်ယူဖို့ ဖြစ်ပါတယ်။ Sony ရဲ့ စက်ရုပ်နည်းပညာ၊ ကင်မရာ၊ Sensor နည်းပညာတို့နဲ့ ZMP ရဲ့ အလိုအလျှောက်မောင်းနှင်တဲ့ နည်းပညာတို့ကိုပူးပေါင်းခြင်းဖြင့် တွင်ကျယ်လာတဲ့ Drone အခြေပြု ဒေတာကောက်ယူခြင်းနယ်ပယ်မှာ ၀င်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ Vine Rangers နဲ့ AeroHarvestတို့လိုကုမ္ပဏီတွေကလယ်သမားများအတွက် Drone များကိုအသုံးပြုပြီးကောက်ပဲသီးနှံများနဲ့ သီးနှံဖျက်ပိုးမွှားများရဲ့ အခြေအနေကိုစောင့်ကြည့် စစ်ဆေးပေးနေပါတယ်။ Sony က ရှယ်ယာ ၅၀ ရာခိုင်နှုန်းကျော် ပိုင်ဆိုင်ပြီး ZMP က ၄၉ ရာခိုင်နှုန်းကျော် ပိုင်ဆိုင်တယ်လို့ သိရပါတယ်။ ကုမ္ပဏီနှစ်ခုဟာ ၀န်ဆောင်မှုကို သြဂုတ်လမှာစတင်မှာ ဖြစ်ပြီး VTOL ( Vertical takeoff and landing ) Drones များကိုအသုံးပြုမှာ ဖြစ်ပါတယ်။ Drone များကိုအများပြည်သူသို့ ရောင်းချမှာမဟုတ်ပါဘူး။ 

Newer Post Older Post Home

0 comments:

Post a Comment