Thursday, July 30, 2015

မူပိုင်ခွင့်ရှိပြီးသော ကမ္ဘာတစ်ဝှမ်းမှ ဂီတထုတ်ကုန်များရယူနိုင်မည့် mJams Music Application ပြည်တွင်းတွင်မကြာမီမိတ်ဆက်မည်

နိုင်ငံတကာမှ မူပိုင်ခွင့်ရရှိပြီးသော ဂီတထုတ်ကုန်များကို ပြည်တွင်းတွင် တရားဝင်ရရှိနိုင်စေမည့် mJams Music Application နှင့် ၀က်ဘ်ဆိုက်ကို မကြာမီမိတ်ဆက်သွားမည်ဖြစ်ကြောင်း သိရသည်။
            မြန်မာ့မိုဘိုင်းဖုန်းသုံးစွဲသူများအတွက်တစ်ကမ္ဘာလုံးဆိုင်ရာဂီတထုတ်ကုန်များကိုရယူနိုင်မည့် ကမ္ဘာလုံးဆိုင်ရာဂီတအက်ပလီကေးရှင်းကို မြန်မာ့ဈေးကွက်ထဲတွင် ရရှိနိုင်မည်ဖြစ်ပြီှး mJams အနေဖြင့် ကမ္ဘာလုံးဆိုင်ရာဂီတဈေးကွက်များဖြစ်သည့် Universal Music, Warner Music, Sony Music တို့နှင့်လည်း ရေရှည်လက်တွဲသွားမည်ဟု ထုတ်ပြန်ကြေငြာခဲ့သည်။
ကမ္ဘောဒီးယားနိုင်ငံတွင် အထူးအောင်မြင်စွာ လွှင့်တင်ပြီး ရက်သတ္တပတ်တစ်ပတ်အကြာတွင် မြန်မာနိုင်ငံတွင်လည်းလွှင့်တင်ရန် စီစဉ်ခဲ့ခြင်းဖြစ်ပြီး မကြာမီ Google Playstoreမှ ရယူအသုံးပြုနိုင်မည်ဖြစ်သည်။
Universal, Warner နှင့် Sony Music တို့နှင့် mJams ၏ အကျိုးတူပူးပေါင်းမှုမှတစ်ဆင့် တိုက်ရိုက်နားထောင်နိုင်သောအက်ပလီကေးရှင်း၊ CRBT – (Caller Ring Back Tones)၊ သီချင်းအပြည့်အစုံဒေါင်းလုတ်၊ Ringtones၊ ဒီဂျစ်တယ် ဗွီဒီယို၊ IVR (Interactive Voice Response) ဂီတအမျိုးအစားအစုံသို့အပြည့်အဝဝင်ရောက်ခွင့် အစရှိသည့် ၀န်ဆောင်မှုများပါဝင်မည်ဖြစ်သည်။
mJams မှ မြန်မာနိုင်ငံတွင် စတင်ရန် စီစဉ်နေပြီဖြစ်ပြီး အကျိုးတူပူးပေါင်းဆောင်ရွက်မည့် ဒေသခံဂီတထုတ်လုပ်သူများအပြင် မိုဘိုင်းအော်ပရေတာများကိုရှာဖွေလျှက်ရှိသည်။ မြန်မာနိုင်ငံဂီတလုပ်ငန်းမှ ဒေသခံအနုပညာရှင်များနှင့်ထုတ်လုပ်သူများ၏ (IP Laws) ဥာဏထုတ်ကုန်များကိုကာကွယ်စောင့်ရှောက်ပေးမည့်အဓိကကျသောခြေလှမ်းများစတင်ခဲ့ပြီးသည့်နောက်တွင် ပြည်တွင်းသို့ဝင်ရောက်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ စာရင်းပေးသွင်းထားသူများအားနိုင်ငံတကာဂီတအမှတ်တံဆိပ်များဖြစ်သည့် Universal, Warner နှင့် Sony စသည်တို့ ယူဆောင်လာပေးနိုင်ခြင်းနှင့် မိုဘိုင်းအော်ပရေတာပါတနာများအနေဖြင့်  mJamsဂီတပေါ်တယ်, မိုဘိုင်းမှ ဝယ်ယူနိုင်မည့် စတိုးများနှင့် mJams ၏ တိုက်ရိုက်စီးဆင်းသောတိုက်ရိုက်ငွေပေးချေနိုင်သည့် အစီအစဉ်များ ရရှိသွားစေမှာဖြစ်ပါတယ်” ဟု mJams ၏ ဒါရိုက်တာနှင့် စတင်တည်ထောင်သူဖြစ်သည့် ဒေးဗစ်ဗန်ဟာဝါ့ဒ်မှ ပြောသည်။
mJamsပရိုက်ဗိတ်လီမိတက်သည် နိုင်ငံပေါင်း ၂၂ နိုင်ငံတွင် မိုဘိုင်းအော်ပရေတာ ၁၁ ခုနှင့် လုပ်ကိုင်လျှက်ရှိပြီး စာရင်းပေးသွင်းအသုံးပြုသူပေါင်းသန်း ၄၀ ကျော်ရှိသည်။
ကမ္ဘောဒီးယားနိုင်ငံတွင်ရယူအသုံးပြုနေသည့် Application အားလေ့လာလိုပါက-https://play.google.com/store/apps/details?id=com.gd.musiccloud.mjamsနှင့် http://mjamsmusic.com/တွင်သွားရောက်လေ့လာနိုင်မည်ဖြစ်သည်။
                                                                                                               
-----------------
ရဲလင်းလင်းသန်း


·         CRBT – (Caller Ring Back Tones)
·         သီချင်းအပြည့်အစုံဒေါင်းလုတ်
·         Ringtones
·         ဒီဂျစ်တယ် ဗွီဒီယို
·         IVR (Interactive Voice Response)

ဂီတအမျိုးအစားအစုံသို့အပြည့်အဝဝင်ရောက်ခွင့်

Newer Post Older Post Home

0 comments:

Post a Comment