Friday, July 31, 2015

Google Maps တွင် သွားလာခဲ့သောနေရာများကို ကြည့်ရှုနိုင်တဲ့ Timeline ပါရှိလာ


Google က Maps တွင် သွားလာခဲ့သောနေရာများကိုခြေရာခံကြည့်ရှုနိုင်တဲ့ Timeline စွမ်းဆောင်ချက် အသစ်ကိုထည့်သွင်းပေးလိုက်ပါတယ်။ မိုဘိုင်းဖုန်းပိုင်ရှင်များအနေနဲ့ Google Photos , Google Now တို့လို Google ရဲ့ ၀န်ဆောင်မှုများမှာ Location Tracking ကိုဖွင့်ထားလျှင် Google Maps ရှိ Your Timeline တွင် ပိုင်ရှင် သွားလာခဲ့သောတည်နေရာများကို ပြန်လည် ကြည့်ရှုနိုင်ပါတယ်။ သွားလာခဲ့သောတည်နေရာများကိုအချိန်အပိုင်းအခြားဖြင့် ပြသပေးမည် ဖြစ်ပြီး နှစ်အနည်းငယ်အကြာကတည်နေရာများကိုပင် ပြသပေးနိုင်ပါတယ်။ Your Timeline မှ သွားလာခဲ့သောတည်နေရာများကို Private အနေဖြင့် သိမ်းဆည်းပေးထားခြင်း ဖြစ်တဲ့အတွက် အခြားလူများကတွေ့မြင်နိုင်မှာမဟုတ်ပါဘူး။ Timeline ရဲ့ ညာဘက်အောက်ခြေမှ Settings Icon ကို နှိပ်၍ “ Delete all location history “ ကိုရွေးချယ်လျှင် တည်နေရာအားလုံးကိုဖျက်ဆီးပေးမှာ ဖြစ်ပါတယ်။ သင် သွားလာတဲ့ နေရာများကိုခြေရာခံသိမ်းဆည်းခြင်းမပြုစေချင်လျှင် My Account ထဲရှိ Account History ထဲသွား၍ “ Places you go “ ဆိုတဲ့ Option ကိုပိတ်နိုင်ပါတယ်။


Older Post Home

0 comments:

Post a Comment