Saturday, July 25, 2015

ဓာတ်ပုံများ Drag-and-Drop လုပ်နိုင်သော Hangouts

ယခင်က G Talk လို့ လူသိများကြတဲ့ Messaging App ကို Google က Hangouts လို့ အမည်ပြောင်းလဲခဲ့ပါတယ်။ ယခုအခါ Hangouts Web App ရှိ Chat Window ထဲသို့ ဓါတ်ပုံများကို Drag-and-Drop ပြုလုပ်နိုင်ပြီ ဖြစ်တယ်လို့ သိရပါတယ်။ Google Product Manager ဖြစ်သူMayurKamat က သူ့ရဲ့ Google Plus Page မှာစွမ်းဆောင်ချက်အသစ်နဲ့ ပတ်သက်ပြီးပို့စ်တစ်ခုတင်ထားပါတယ်။ ဓါတ်ပုံများကို Drag-and-Drop ပြုလုပ်၍ Chat Window ထဲသို့ ထည့်သွင်းလျှင် Preview ပြသမှာဖြစ်ပြီးပေးပို့သူကဓါတ်ပုံကိုစစ်ဆေးပြီးလျှင် Send ခလုတ်ကို နှိပ်၍ ပေးပို့ရမှာ ဖြစ်ပါတယ်။ ယခင်ကမူဓါတ်ပုံပေးပို့ရန် Photo Icon ကို နှိပ်ရခြင်း ဖြစ်ပြီးထို့နောက်တွင်မှ ဓါတ်ပုံကိုရှာဖွေ၍ ပေးပို့ရခြင်း ဖြစ်ပါတယ်။ ယခုအခါ အဆိုပါ အလုပ်ရှုပ်မှုကိုရှောင်ရှားနိုင်ပြီ ဖြစ်ပါတယ်။

Newer Post Older Post Home

0 comments:

Post a Comment