Wednesday, July 29, 2015

Ads တွင် ကြော်ငြာသူများထဲမှ ရွေးချယ်ပြီး ငွေကျပ်၂၀၀၀၀ ချီးမြင့်မည်

အွန်လိုင်းအခမဲ့ကြော်ငြာဝက်ဘ်ဆိုက်တစ်ခုဖြစ်သည့်  ads.com.mm မှ ၀က်ဘ်ဆိုက်တွင် အရောင်းအ၀ယ် ဖြစ်သည့် သူများအတွက် လစဉ် ကံစမ်းမဲ အစီအစဉ်များ ကိုပြုလုပ်ပြီး ငွေကျပ် ၂၀၀၀၀ စီချီးမြင့်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ပါသည်။
Ads.com.mm မှယင်းဝက်ဘ်ဆိုက် ၏ Country Manager ဖြစ်သူ Mr.Nico Poma မှ “ ကျွန်တော်တို့ မြန်မာပြည်ကအွန်လိုင်းအသုံးပြုနေတဲ့ လူတွေကို ကိုယ့်လက်ထဲ ၊ ကိုယ့် အိမ်ထဲမှာ ရှိတဲ့  တပါတ်ရစ်ပစ္စည်းနဲ့  တဘက်တလမ်းကနေ ၀င်ငွေရှာဖွေနိုင်မည့်နည်းလမ်းကိုပေးလိုက်တာပါ။ကျွန်တော်တို့  ၀က်ဘ်ဆိုက်ကိုအသုံးပြုပြီး ရောင်းထွက်အောင်  အကောင်းဆုံးရောင်းချသူတွေအတွက် ဒီလကစတင်ပြီး တပါတ်အတွင်း အကောင်းဆုံးရောင်းချသူကို  ဆုငွေနှစ်သောင်းကျပ်ကိုအပါတ်စဉ်  ရွေးချယ်ပေးအပ်သွားမှာပါ ။ဒီအစီအစဉ်မှာ  အိမ်ရှင်မတွေရော၊ တပါတ်ရစ် ပစ္စည်းရောင်းချလာသူတွေအတွက် ပိုမိုများပြားလာပြီး  အခမဲ့ကြော်ငြာဝက်ဘ်ဆိုက်ကိုကောင်းမွန်စွာ အသုံးပြုလာစေဖို့ ဒီ Campaign ကိုပြုလုပ်တာဖြစ်ပါတယ်” ဟုပြောသည်။
“ကျွန်တော်တို့ Campaign မှာ ပုံမှန်အတိုင်း ကြော်ငြာတင်တဲ့ သဘောမျိုးဘဲ ကိုယ်ရောင်းချလိုတဲ့ ပစ္စည်းကို ဓါတ်ပုံရိုက်ပြီး ၊ ပစ္စည်းရဲ့အချက်အလက်တွေကိုအသေးစိတ် ရေးသားပြီး ကြော်ငြာနိုင်ပါတယ်။ဈေးနူန်းက ရောင်းသူနှင့် ၀ယ်သူတိုက်ရိုက်တွေ့ ဆုံပြီး ကျေနပ်မူရှိသည်အထိ ကြော်ငြာပေးသွားမှာ ဖြစ်ပါတယ်။ အကောင်းဆုံးကြော်ငြာရှင်တွေထဲကမှ စည်းကမ်းနဲ့ ကိုက်ညီတဲ့ ကြော်ငြာသူကို အပါတ်စဉ်ရွေးချယ်သွားမှာဖြစ်ပါတယ် ။ ဟု Head Of marketing ဖြစ်သူ ကိုသိန်းသန်းထိုက်မှ ပြောသည်။
Ads.com.mm သည် မြန်မာပြည်၏    နံပါတ်(၁) အခမဲ့ကစုံကြော်ငြာ ၀က်ဘ်ဆိုက်တစ်ခုဖြစ်သည်။ ယင်းဝက်ဘ်ဆိုက်တွင် အိမ်ခြံမြေ ၊ကား ၊အလုပ်အကိုင်မှ စသောအမျိုးအစားစုံလင်သော ပစ္စည်းများ ၀န်ဆောင်မူများကို  ယင်းဝက်ဘ်ဆိုက်တွင်  အခမဲ့ကြော်ငြာတင်၍ရောင်းချနိုင်သည်။ ၀န်ဆောင်ခများ၊ပွဲစားများမလိုအပ်သည့်အတွက်  ရောင်းဝယ်မှုမှ ရရှိလာသော   အကျိုးအမြတ်ကို အပြည့်အ၀ ခံစားရရှိနိုင်မည်ဖြစ်သည်။
ရဲလင်းလင်းသန်း






Newer Post Older Post Home

0 comments:

Post a Comment