Wednesday, July 29, 2015

တယ်လီနောမြန်မာ၏ အသုံးပြုသူတစ်ဦးထံမှတစ်လလျှင်ပျမ်းမျှ ကျပ် ၅၇၀၀ နီးပါးရရှိနေ

တယ်လီနောမြန်မာဆင်းကတ်အားဇွန်လကုန်အထိအသုံးပြုသူ ၉.၅ သန်းနီးပါးရှိနေပြီဖြစ်ပြီးအသုံးပြုသူတစ်ဦးလျှင် တစ်လပျမ်းမျှ ကျပ် ၅၇၀၀ နီးပါးရရှိနေကြောင်းတယ်လီနောမြန်မာ၏ သတင်းထုတ်ပြန်ချက်အရသိရသည်။
တယ်လီနောမြန်မာ၏ CEO PetterFurberg က “ စပြီးမိတ်ဆက်တာကနေအခု ၂၀၁၅ ဧပြီလအထိအသုံးပြုသူ ၆.၄ သန်းရရှိခဲ့ပြီးဇွန်လကုန်ကိုတော့ တယ်လီနောဆင်းကတ်သုံးတဲ့သူ ၉.၅ သန်းဖြစ်လာခဲ့တယ်။ စစချင်းတုန်းကတစ်ဦးချင်းဆီကရတဲ့ ၀င်ငွေများခဲ့ပေမယ့် အခုလက်ရှိမှာတော့ တစ်ဦးချင်းတစ်လပျမ်းမျှအသုံးပြုနှုန်းက ၅၇၀၀ ကျပ်ကိုကျသွားတယ်” ဟုပြောသည်။
တယ်လီနောကစလုပ်တည်းက ရလာတဲ့ဝင်ငွေကို ရင်းနှီးမြှုပ်နှံမှုထပ်တလဲလဲ ပြန်လုပ်နေရတာကြောင့် အခုချိန်ထိအကျိုးအမြတ်ကိုတစ်ခြားတယ်လီနောရဲ့ လုပ်ငန်းတူတွေကို ခွဲဝေပေးတာမျိုးမရှိသေးပါဘူး။ အစိုးရကိုလည်းအမေရိကန်ဒေါ်လာ သန်း၅၀၀ နီးပါးရင်းနှီးမြှုပ်နှံထားပါသေးတယ်။ လိုင်စင်ကြေးနဲ့ အခွန်အခတွေကိုလည်းပုံမှန်ပေးဆောင်ပါတယ်။ အခုနောက်ပိုင်းအသုံးများလာတဲ့ အင်တာနက်လိုင်းကောင်းမွန်ဖို့ 3G စနစ်မှာလိုအပ်တဲ့spectrumအတွက်နဂိုရှိနေတဲ့ 5Mhz ရဲ့ ၂ဆ 10 Mhzကိုအမေရိကန်ဒေါ်လာ ၇၅ သန်းနဲ့ အစိုးရဆီကထပ်မံ ၀ယ်ယူဖို့လည်း စီစဉ်နေပါတယ်” ဟုတယ်လီနော CEO ကဆိုပါသည်။
လိုင်းအင်အားတိုးချဲ့မှုအတွက် spectrum ၀ယ်ယူမှုအစီအစဉ်မှာ လုပ်ဆောင်ဆဲဖြစ်ပြီးတာဝါတိုင်များကိုလည်း ဆက်လက်တိုးချဲ့နေကြောင်းသိရသည်။ တစ်နိုင်ငံလုံးတွင်လက်ရှိ တာဝါတိုင် ၂၃၀၀ နီးပါးရှိပြီး ၂၀၁၅ နှစ်ကုန်တွင် တာဝါတိုင် ၃၅၀၀ မှ ၄၀၀၀ ကြားရည်မှန်းတည်ဆောက်နေကြောင်းသိရသည်။
၂၀၁၅ ဇွန်လကုန်အထိ ပထ၀ီအနေအထား၏ ၅၀% နီးပါးကို နက်ဝေါ့လွှမ်းခြုံထားပြီးဖြစ်ကာလာမည့် ၅ နှစ်အတွင်းတိုင်းပြည်၏ ၉၀% နီးပါးကို နက်ဝေါ့ရရှိစေရမည်ဟုတယ်လီနောမှ ကတိပြုထားပါသည်။ ပြည်တွင်းတွင် နက်ဝေါ့ကောင်းမွန်စွာရရှိနိုင်ရန်အတွက် တာဝါတိုင် ၈၀၀၀ နီးပါးလိုအပ်မည်ဖြစ်ကြောင်းတယ်လီနောမှ ခန့်မှန်းထားပါသည်။

-----------------
ရဲလင်းလင်းသန်း


Newer Post Older Post Home

0 comments:

Post a Comment