Friday, July 31, 2015

Microsoft က Send Email App ကို ဖြန့်ချီ

Microsoft က Messenger ကဲ့သို့ အလုပ်လုပ်တဲ့ Send လို့ အမည်ရတဲ့ Email App တစ်ခုကို ဖြန့်ချီလိုက်ပါတယ်။ Send မှာအခြား Email App များလို Subject များရေးသားစရာမလိုဘဲ Messenger များမှာလိုတိုတိုနဲ့ လိုရင်းရေးသားပြီးအီးမေးပေးပို့နိုင်အောင် ဒီဇိုင်းထုတ်ထားပါတယ်။ အခြား Email App များမှာလိုပဲအီးမေးလိပ်စာများကိုအသုံးပြုပြီးအီးမေးပေးပို့ရမှာ ဖြစ်ပါတယ်။ သင့်ရဲ့ အီးမေးကိုတုန့်ပြန်မှုများကိုလည်းသိနိုင်ပါတယ်။ Send ကိုအမေရိကန်နဲ့ ကနေဒါတို့ရှိ iPhone User များကအသုံးပြုနိုင်ပါပြီ။ Office 365 နဲ့ တွဲဖက်အလုပ်လုပ်နိုင်ပြီး Contacts များကို ပြသပေးနိုင်ပါတယ်။ မကြာမီမှာ Android နဲ့ Windows Phone တို့အတွက် Send ကို ဖြန့်ချီမှာ ဖြစ်ပါတယ်။ Send ကို Microsoft ရဲ့ Garage အဖွဲ့ကတီထွင်တာ ဖြစ်ပြီးမကြာမီမှာအခြားအီးမေး ၀န်ဆောင်မှုများကို ထောက်ပံ့ဖို့ ထည့်သွင်းပေးမှာ ဖြစ်ပါတယ်။


Newer Post Older Post Home

0 comments:

Post a Comment