Friday, July 31, 2015

ကမ္ဘာ့ စမတ်နာရီဈေးကွက်တွင် Apple Watch က ၇၅ ရာခိုင်နှုန်းအုပ်စိုးထား

Strategy Analytics ရဲ့ စစ်တမ်းအရ ပြီးခဲ့တဲ့ ကွာတားဖြစ်တဲ့ ဧပြီလမှ ဇွန်လအတွင်းတွင် Apple Watch အလုံးရေလေးသန်းရောင်းချနိုင်ခဲ့တယ်လို့ သိရပါတယ်။ Apple Watch ဟာကမ္ဘာ့စမတ်နာရီဈေးကွက်ရဲ့လေးပုံပုံသုံးပုံဖြစ်တဲ့ ၇၅ ရာခိုင်နှုန်း ဝေစု ရရှိထားတာ ဖြစ်ပါတယ်။ Apple က သူ့ရဲ့ စမတ်နာရီရောင်းချရမှုနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက် အသေးစိတ်ကိုထုတ်ပြန်ကြေညာခြင်းမရှိသေးပါဘူး။ Apple CEO Tim Cook က “ Apple Watch တွေကိုမျှော်လင့်ထားတာထက် ပိုမိုရောင်းချနိုင်ခဲ့ပါတယ်။ ဇွန်လမှာအများဆုံးစံချိန်တင်ရောင်းချနိုင်ခဲ့ပါတယ်။ “ လို့ ပြောကြားထားပါတယ်။ Apple က Apple TV, iPods, Beats Headphones and Accessories နဲ့ Apple Watch တို့ရဲ့ ရောင်းချရမှုနှုန်းကို Other Products ကဏ္ဍထဲမှာတစ်ပေါင်းတစ်စည်းထဲကြေညာခဲ့တာဖြစ်ပါတယ်။ Other Products မှ ၀င်ငွေဟာ ပြီးခဲ့တဲ့ကွာတားမှာဒေါ်လာ ၂.၆ ဘီလီယမ် ဖြစ်ပြီး Apple Watch မရောင်းချမီယခင်ကွာတားထက် ဒေါ်လာ ၉၅၂ သန်းတိုးတက်လာတာ ဖြစ်ပါတယ်။ Strategy Analytics ရဲ့ စစ်တမ်းအရ ပြီးခဲ့တဲ့ ကွာတားမှာ Apple Watch အလုံးရေလေးသန်းရောင်းချရပြီး Samsung ရဲ့ စမတ်နာရီများက ၄ သိန်းသာရောင်းချရပါတယ်။ Samsung က ဒုတိယနေရာကနေရပ်တည်နေပါတယ်။ အခြားစမတ်နာရီထုတ်လုပ်သူများက ၉ သိန်းရောင်းချနိုင်ခဲ့ပါတယ်။ ရာခိုင်နှုန်းအရဆိုရင် ကမ္ဘာ့စမတ်နာရီဈေးကွက်မှာ Apple က ၇၅.၅ ရာခိုင်နှုန်း၊ Samsung က ၇.၅ ရာခိုင်နှုန်းနဲ့ အခြားကုမ္ပဏီများက ၁၇ ရာခိုင်နှုန်းဖြင့် နေရာယူထားပါတယ်။ Apple Watch ကို နိုင်ငံပေါင်း ၁၆ နိုင်ငံမှာရောင်းချပေးနေတာ ဖြစ်ပါတယ်။ “ ကမ္ဘာတစ်ဝန်းမှာ ရောင်းချတဲ့ စမတ်နာရီဆယ်လုံးမှာရှစ်လုံးဟာ Apple နဲ့ Samsung တို့ရဲ့ နာရီများ ဖြစ်ကြပါတယ်။ Samsung ဟာ Apple ကိုအမီလိုက်နိုင်ဖို့ဆိုရင် နိုင်ငံအများအပြားမှာစမတ်နာရီမော်ဒယ်အသစ်များနဲ့ Apps များစွာကို ဖြန့်ချီဖို့လိုပါတယ်။ “ လို့ Strategy Analytics မှ Senior Analyst ဖြစ်သူ Rajeev Nair က ပြောပါတယ်။

Newer Post Older Post Home

0 comments:

Post a Comment