Tuesday, July 28, 2015

သတ္တုကိုယ်ထည်ဖြင့် Samsung Galaxy A8 ထွက်ရှိ

Samsung Galaxy A8 ဟာ အလယ်လတ်နဲ့ အဆင့်မြင့် စမတ်ဖုန်းကြားထဲမှာ ရှိတဲ့ ဖုန်း တစ်မျိုးပါ။ A7 ကိုတော့ သိကြပါလိမ့်မယ်။ A8 ကတော့ တရုတ်ပြည်မှာ အဓိကထား ရောင်းချဖို့ ရည်ရွယ်ပြီးတော့ Samsung မှ ထုတ်လုပ်လိုက်တဲ့ဖုန်း ဖြစ်ပါတယ်။ စင်္ကာပူ ဈေးကွက်မှာလည်း ရရှိပါတယ်။ ဈေးနှုန်းကတော့ အမေရိကန်ဒေါ်လာ ၅၁၀ ဝန်းကျင် ရှိပါတယ်။ SIM card နှစ်ကဒ် ထည့်သုံး နိုင်တဲ့ ဖုန်း ဖြစ်ပါတယ်။
ဖုန်းမှာ RAM 2GB, Octa Core Processor, တို့ကို အသုံးပြုပြီး ကင်မရာလည်း 16 Megapixel ပါဝင်ပါတယ်။ ရှေ့ကင်မရာက 5 Megapixel ပါ။ Android 5.1 ကို ထည့်သွင်းထား ပါတယ်။ Samsung ရဲ့ Built in touchwiz UI လည်း ပါဝင်ပါတယ်။ ဒီဇိုင်းကို အရှေ့ကနေ ကြည့်ရင်လှပြီး အနောက်ကိုတော့ ကျနော် သိပ်မကြိုက်ပါ။ ဒါပေမယ့် အားလုံးကို ခြုံပြီးတော့ ပြောမယ်ဆိုရင် တော့ Samsung ရဲ့ အခြား ကော်ဖုန်းတွေထက် ကွဲထွက်အောင် သူ့မှာ ပိုကောင်းတဲ့ ဒီဇိုင်းအရည်အသွေး ရှိပါတယ်။ မျက်နှာပြင်က ၅.၇ လက်မ ရှိပြီး 1080p HD Display ဖြစ်ပါတယ်။ အရွယ်ကြီး စမတ်ဖုန်း ပဲ ဖြစ်ပါတယ်။
4G, LTE ရရှိပါတယ်။ သူ့ရဲ့ အားသာချက်က GSM ကော၊ CDMA ကော အသုံးပြုနိုင်ခြင်း ဖြစ်ပါတယ်။ Internal storage က 16GB ပါဝင်ပြီး MicroSD ကဒ်နဲ့ 128GB လောက် အထိ ထပ်ထည့် နိုင်ပါတယ်။ မြန်မာပြည် ဈေးကွက် ရောက်မရောက်တော့ မသိပေမယ့် တရုတ်နဲ့ စင်္ကာပူမှာ ရရှိနိုင်ပြီ ဖြစ်ပါတယ်။
.
Ref: cnet
အောင်ခမ်း (MMAS)

Newer Post Older Post Home

0 comments:

Post a Comment