Thursday, July 30, 2015

ဂိမ်းအဟောင်းများ ကစားနိုင်မှုကြောင့် Xbox One ရောင်းအားပိုကောင်းဟုဆို

Xbox One ရောင်းအားသည်၂၀၁၅ဇွန်လတွင်၂၀၁၄ဇွန်လနှင့်နှိုင်းယှဉ်ပါက၅၁ရာခိုင်နှုန်းတိုးတက်ခဲ့ကြောင်းတွေ့ရသည်။ထိုကဲ့သို့ရောင်းအားတိုးတက်မှုသည်တစ်စိတ်တစ်ပိုင်းအားဖြင့်ဂိမ်းအဟောင်းများအားXbox Oneတွင်ကစားနိုင်တော့မည်ဟူသောMicrosoft ၏ကြော်ငြာချက်ကြောင့်လည်းသက်ဆိုင်ခဲ့သည်။Xbox One အားဦးဆောင်သူPhilSpencerကမူထိုကဲ့သို့သက်ရောက်မှုရှိကြောင်းဆိုသွားခဲ့သည်။၎င်းကXbox 360 ပိုင်ရှင်များကထိုအချက်ကြောင့်Xbox One အားပို၍အဆင့်မြှင့်တင်လာကြမည်ဟုယူဆထားသည်။CFO ဖြစ်သူAmy Hood မှလည်းXbox Platform သည်ထိုကဲ့သို့Backwards Compatibility ရရှိမှုကြောင့်ပို၍အရှိန်ရလာကြောင်းဆိုခဲ့ပြီးMicrosoft ကုမ္ပဏီတစ်ခုထဲမှထိုကိစ္စအားစိတ်ဝင်စားခဲ့ခြင်းမဟုတ်ချေ။အဓိကဂိမ်းထုတ်လုပ်သောGamestopနှင့်Ubisoftတို့မှလည်းMicrosoft ၏ဆုံးဖြတ်ချက်အားထောက်ခံခဲ့ကြသည်။Backwards Compatibility ကြောင့်သီအိုရီအရXbox 360 မှXbox One သို့အဆင့်မြှင့်တင်မည့်သူများအတွက်ပို၍အဆင်ပြေချောမွေ့စေမည်ဖြစ်သည်။

Newer Post Older Post Home

0 comments:

Post a Comment