Friday, July 31, 2015

YouTube မှာ ၃၆၀ ဒီဂရီကြော်ညာဗီဒီယိုများကို ပြသ



Google က Chrome, Android, iOSတို့ရဲ့ YouTube မှာ ၃၆၀ ဒီဂရီကြော်ညာများကို ပြသခွင့်ပြုလိုက်ပါတယ်။ ဘီယာထုတ်လုပ်ရောင်းချတဲ့ Bud Light က Google TrueViewကြော်ညာပလက်ဖောင်းမှာ Run တဲ့  အဲဒီစွမ်းဆောင်ချက်ကိုပထမဆုံးအသုံးချခဲ့ပါတယ်။ PC မှာဆိုရင်တော့ ၃၆၀ ဒီဂရီမြင်ကွင်းတွေကိုပြောင်းလဲကြည့်ရှုဖို့ Mouse ကိုအသုံးပြုနိုင်ပြီးမိုဘိုင်းကိရိယာများမှာတော့ ဖုန်းကိုလှုပ်ခါရမှာ ဖြစ်ပါတယ်။ Google က မတ်လမှာ ၃၆၀ ဒီဂရီဗီဒီယိုတွေကိုစတင်ထောက်ပံ့ပေးခဲ့ပေမယ့် ကြော်ငြာဗီဒီယိုများအတွက် အကျုံးမ၀င်ခဲ့ပါဘူး။ ယခုမှသာ ၃၆၀ ဒီဂရီဗီဒီယိုများကိုကြော်ငြာဗီဒီယိုများအနေနဲ့ အသုံးပြုနိုင်တာ ဖြစ်ပါတယ်။ သာမာန် ဗီဒီယိုများထက် ၃၆၀ ဒီဂရီဗီဒီယိုများကိုလူကြည့်ရှုမှုနှုန်းဟာ ၃၆ ရာခိုင်နှုန်းပိုမိုများပြားတယ်လို့ Google က ပြောပါတယ်။ Virtual Reality နည်းပညာဖြစ်တဲ့ အတုအယောင်ပုံရိပ်များကိုအစစ်အမှန်ကဲ့သို့ တွေ့မြင်ခံစားရတဲ့ ဗီဒီယိုများဟာအနာဂတ်မှာပေါ်ထွန်းလာတော့မယ်လို့ ကျွမ်းကျင်သူများကသုံးသပ်ပါတယ်။ 

Newer Post Older Post Home

0 comments:

Post a Comment